သူငယ်ချင်းပြေတီဦးနဲ့အူဝဲတို့ကို အမြန်ပြန်ဆုံဆည်းပါစေလို့သတိတရနဲ့ဆုတောင်းပေးနေတဲ့ ညီနန္ဒ

 

 

 

သရုပ်ဆောင်ညီနန္ဒကတော့ အနုပညာအလုပ်တွေကိုများစွာလုပ်ဆောင်ခဲ့တဲ့အပြင် ထောပတ်ထမင်းလည်းရောင်းချခဲ့တာကြောင့် ပရိသတ်တွေနဲ့ရင်းနှီးနေသူတစ်ယောက်ဖြစ်ပါတယ်။ညီနန္ဒက အခုချိန်မှာ သူနဲ့မိသားစုရဲ့လုံခြုံရေးအတွက် အဝေးတစ်နေရာမှာ သွားရောက်နေထိုင်နေရတာဖြစ်ပါတယ်။

 

 

 

 

 

သူကတော့ ပြည်သူချစ်တဲ့အနုပညာရှင်တစ်ယောက်ပီပီ အမှန်တရားဘက်ကနေ ရဲရဲဝင့်ဝင့်ရပ်တည်ခဲ့တာကြောင့် ပရိသတ်တွေကလေးစားနေကြတာဖြစ်ပါတယ်။ညီနန္ဒလိုပဲ ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံနှစ်ယောက်လုံးကလည်း အနုပညာမောင်နှမတချို့နဲ့အတူဖေဖော်ဝါရီလကတည်းက ပါဝင်လှုပ်ရှားခဲ့တာဖြစ်ပါတယ်။

 

 

 

 

ပြေတီဦးနဲ့ အူဝဲတို့က ဖမ်းဆီးခံထားရဆဲဖြစ်ပြီး အခုချိန်ထိမလွတ်မြောက်သေးတာဖြစ်ပါတယ်။ဒါ့ကြောင့် ပရိသတ်တွေကလည်း အမြန်ဆုံးလွတ်မြောက်ပါစေလို့ဆုတောင်းပေးနေကြသလို ရင်းနှီးတဲ့အနုပညာမောင်နှမတွေကလည်း သူတို့ကိုသတိရနေတာဖြစ်ပါတယ်။ညီနန္ဒကလည်း သူငယ်ချင်းပြေတီဦးနဲ့ အူဝဲတို့ဇနီးမောင်နှံနှစ်ယောက်ကို မိသားစုနဲ့အမြန်ပြန်ဆုံဆည်းပါစေလို့ဆုတောင်းပေးနေတာဖြစ်ပါတယ်။

 

 

 

 

 

 

ဒီနေ့လေးကတော့ ပြေတီဦးနဲ့ အူဝဲတို့ဖမ်းဆီးခံခဲ့ရတာ (၅)လတိတိပြည့်တဲ့နေ့ပဲဖြစ်ပါတယ်။(၅)လတောင်ကြာမြင့်သွားပြီဖြစ်လို့ ပြေတီဦးနဲ့အူဝဲတို့လည်း အထဲမှာဘယ်လိုများနေထိုင်နေကြမလဲလို့ ပြည်သူတွေကစိတ်ပူနေကြပြီး ညီနန္ဒကလည်း သူငယ်ချင်းပြေတီဦးတို့ကို သတိရနေတဲ့အကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

 

 

 

CRD:MMload mdatenews

mdatenews