မြန်မာပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိထားတဲ့ MasterChef America Season 11 ပြိုင်ပွဲဝင် စု ဟာ နောက်ဆုံးဖိုင်နယ်အဆင့်ကို တက်လှမ်းသွားခဲ့ပြီ ဖြစ်ပါတယ်…..။ ထူးခြားတာကတော့ MasterChef (season 11) ပြိုင်ပွဲမှ
ာ မြန်မာအမျိုးသမီးလေးစုက မြန်မာဟင်းလျာတွေကို ဆန်းသစ်ပြီး မြန်မာ့အစားအစာကိုကမ္ဘာသိအောင် ကြိုးစားယှဉ်ပြိုင်နေတာပဲဖြစ်ပါတယ်။မြန်မာပရိသတ်တွေရဲ့အချစ်တော် မြန်မာအမျိုးသမီးလေး စု ဟာ Season 11 ရဲ့ အပိုင်း ၁၅ မှာ Culinary Triathlon ရဲ့အပိုင်းသုံးခုအတွက် ဟင်းလျာ သုံးမျိုးကို ချက်ပြုတ်ခဲ့ရပြီး
MasterChef အစီအစဉ်ရဲ့ပဲ့ကိုင်ရှင်လည်းဖြစ်တဲ့ ဂေါ်ဒွန်ရမ်ဆီ အပါအဝင် နာမည်ကြီး စားဖိုမှူးသုံးယောက်ရဲ့အဆုံးအဖြတ်ကို ခံယူပြီးတဲ့နောက်မှ စု က ဖိုင်နယ်အဆင့်ကို တက်လှမ်းခွင့်ရရှိသွားတာပဲဖြစ်ပါတယ်။
မြန်မာ့ဂုဏ်ဆောင် စု ဟာ ဖိုင်နယ်အဆင့်မှာတော့ ကယ်လ်ဆေး၊ အော်တွန် စတဲ့ပြိုင်ဘက်တွေနဲ့ ဆက်လက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး Season 11 ရဲ့အပိုင်း ၁၅ အပြီးမှာ အိမ်ပြန်လိုက်ရသူကတော့ အေလီဇန်ဒရိုပဲ ဖြစ်ပါတယ်။ ထူးခြားမှုတစ်ခုအနေနဲ့ ဖိုင်နယ်အဆင့်ဆီကို တက်ရောက်လာသူ သုံးယောက်လုံးက ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးစားဖိုမှူးတွေဖြစ်နေကြတာပဲ ဖြစ်ပါတယ်။
mdatenews
mdatenews