ဒုက္ခမျိုးစုံ စုံလင်လှတဲ့ ပလုံကောက် အိမ်ထောင်စုများရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးနိုင်ခဲ့တဲ့ ဝေဠုကျော်ရဲ့ ထူးခြားတဲ့ အလှူလေး

ခုလို ကာလမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြည်သူအချင်းချင်း မကြည့်ရက်လို့ ကိုယ်တတ်နိုင်တဲ့ နေရာတွေကနေ ကူညီဖေးမလျက်ရှိကြပါတယ် ။ နိုင်ငံရေး အခြေအနေတွေရော ၊ ကိုဗစ်ရောဂါဖြစ်ပွားမှုတွေရော ဆုံသွားတာကြောင့် အတော်လေး အဆင်မပြေကြတဲ့ ပြည်သူတွေ နေရာတိုင်းမှာ များစွာရှိနေပါတယ် ။

 

 

 

 

 

 

 

လက်လုပ်လက်စား ပြည်သူတွေဆို ပိုလို့တောင် စားဝတ်နေရေး အခက်အခဲတွေကို ကြုံတွေ့နေရပါတယ် ။ ဒါကြောင့် ခုရက်ပိုင်းတွေမှာဆိုရင် ခက်ခဲကျပ်တည်းနေတဲ့ အခြေခံလူတန်းစားတွေ အတွက် စေတနာ အလှူရှင်တွေ စုပေါင်းပြီး စားသောက်ကုန်တွေကို လိုက်လံ လှူဒါန်းပေးတာတွေ လုပ်လာကြတာ တွေ့ရပါတယ် ။

 

 

 

 

 

ဒီလို အစီအစဉ်တွေကြောင့် ခက်ခဲနေသူတွေလည်း ခဏတာပဲ ဖြစ်ဖြစ် အဆင်ပြေသွားကြလို့ ပျော်ရွှင်နေကြတဲ့ မြင်ကွင်းတွေက ပီတိဖြစ်စရာပါ ။အခုလည်း ဝေဠုကျော် ဖောင်ဒေးရှင်းကနေပြီး တောင်ဥက္ကလာ မြို့နယ် အတွင်းရှိ ပလုံကောက် မိသားစုများနေထိုင်ရာ ရပ်ကွက်ထဲကိုသွားကာ တကယ်လိုအပ်နေတယ့် အိမ်ထောင်စု ၃၀ကို ရွေးချယ်ပြီး

 

 

 

 

တစ်အိမ်ထောင်လျှင် ဆန် ၃ပြည် ၊ ဆီ ၅၀သား ၊ ကြက်ဥ ၁၀လုံး၊ mask 50 ၊ အဝတ်ထုပ် တစ်ထုပ် တို့ကို သွားရောက် ကူညီထောက်ပံ့ခဲ့ပါတယ် ။ ဒုက္ခမျိုးစုံ ဘဝအဖုံဖုံ စုံလင်လှတဲ့ အဆင်မပြေလွန်းသူတွေ ခဏတာတော့ အဆင်ပြေစေခဲ့လို့ ပီတိဖြစ်ရတယ်လို့ လည်းဆိုထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

 

 

 

 

 

CRD– Cele Zonemdatenews

mdatenews