ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ အဆိုတော် သရုပ်ဆောင်မင်းသမီးချောလေး နန်းမြတ်ကတော့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ သမီးလေးရဲ့ ပုံလေးတွေကို မျှဝေဖော်ပြလာခဲ့ပါတယ်။ နန်းမြတ်ကတော့ လက်ရှိမှာ သားသားလေးနဲ့ မီးမီးလေး နှစ်ယောက်ကို ပိုင်ဆိုင်ထားတာလည်း ပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါနော်။
နန်းမြတ်ရဲ့ သားသားလေး ဂျက်ဂျက်ကတော့ ပရိသတ်တွေ ရင်းနှီးပြီးသားမြင်ဖူးနေကြဖြစ်ပေမဲ့ သမီးငယ်လေးကတော့ မွေးဖွားထားတာ လပိုင်းပဲရှိသေးတဲ့အတွက် ပရိသတ်တွေလည်း သမီးလေးကိုတော့ သေချာမြင်ဖူးခြင်းမရှိသေးပါဘူး။
နန်းမြတ်ကတော့ ဒီနေ့မှာ ချစ်စရာကောင်းလှတဲ့ သမီးလေးရဲ့ ပုံတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။လသားအရွယ်လေးပေမဲ့ ချစ်မွှေးပါလွန်းလှတာကြောင့်
ပရိသတ်တွေက သမီးလေးကို ချစ်ခင်ကြောင်းနဲ့ မေမေနန်းမြတ်လိုပဲ ကြီးလာရင်အချောလေးဖြစ်မှာဖြစ်ကြောင်းမှတ်ချက်ပေးပြောဆိုနေကြပါသေးတယ်။CeleThadinSone ပရိသတ်ကြီးတွေကိုလည်း ချစ်စရာကောင်းလှတဲ့ နန်းမြတ်ရဲ့ သမီးငယ်လေးပုံတွေကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။
CRD:Cele Zone
mdatenews