ဒီကနေ့ စတင်ဘာလ(၇)ရက်နေ့မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတကြီးဖြစ်တဲ့ ဒူဝါလရှီးလက လတ်တလောဖြစ်ပေါ်လာမည့် စစ်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ကနေ ပြည်သူလူထုတွေကို အရေးပေါ်အခြေအနေတစ်ရပ်အား ထုတ်ပြန်ကြေငြာလာခဲ့ပါတယ်။ ဒီလို အရေးပေါ်အခြေအနေတစ်ရပ် ကြေငြာခဲ့တာကြောင့် ပြည်သူတွေဟာ စိုးရိပ်ပူပန်မှုတွေရှိလာခဲ့ပါတယ်။
NUG အစိုးရရဲ့ ကြေငြာချက်တွေမှာ ပြည်သူတွေကို အတတ်နိုင်ဆုံး အိမ်အပြင်မထွက်ဖို့နဲ့ ဆေးဝါးများ၊ စားနပ်ရိက္ခာတွေကို စုဆောင်းထားဖို့ မှာကြားခဲ့ပါတယ်။ ဒီကနေ့ မနက်ပိုင်း မြို့ကြီးပြကြီးတွေမှာ ပြည်သူတွေကတော့ စစ်ပွဲများဖြစ်ပေါ်လာမှာကို စိုးရိမ်ပူပန်မှုဖြင့် သူထက်ငါ ကြိတ်ကြိတ်တိုး ဝယ်ယူနေကြတာ တွေ့ရပါတယ်။
တချို့ ကုန်ပစ္စည်းတွေဆိုရင် ဝယ်ယူသူတွေများလာတာကြောင့် အချိန်ခဏအတွင်း ပြတ်လပ်သွားကြတယ်လို့လည်း ကြားသိရပါတယ်။ယခုမြင်တွေ့နေရတဲ့ မြင်ကွင်းတချို့ကတော့ ယနေ့မနက်ပိုင်းက ရန်ကုန်မြို့ရှိ City Mart များနှင့် အခြားသော ဈေးများနဲ့ ဈေးဆိုင်တွေမှာ စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးများကို သူထက်ငါ အလုအယက် လာရောက်ဝယ်ယူကြတာ ဖြစ်ပါတယ်။
ဒီလို အလုအယက် ဝယ်ယူနေတာကြောင့် ကုန်စျေးနှုန်းမြင့်တက်လာမှာကို အခြေခံလုပ်သားပြည်တွေက စိုးရိမ်နေကြသလို တချို့မှာ ဝေဖန်မှုတွေရှိတာ တွေ့ရပါတယ်။
CRDmdatenews
mdatenews