ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ ဦးချစ်စရာကတော့ မကြာခင် ရက်ပိုင်းက အောက်ဆီဂျင်တွေ ရုတ်တရက် ထိုးကျခဲ့တာကြောင့် ဝေဠုကျော်ဖောင်ဒေးရှင်းကနေပြီး အောက်ဆီဂျင်အိုးများ သွားရောက် ဌားရမ်းတပ်ဆင်ပေးခဲ့ရပါတယ် ။
ဒီနေ့မှာတော့ ကျန်းမာရေး အခြေအနေ ဆိုးရွားလာတာကြောင့် ဆေးရုံကို ရုတ်တရက် ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ် ။ ခုလို ကာလမှာ ကျန်းမာရေး ဆိုးလာတာကြောင့် မိသားစုဝင်တွေရော အားလုံးက ကိုဗစ်ရောဂါကြောင့်လို့ ထင်ပြီး ဆေးစစ်ခဲ့ရာ (nagative ) အဖြေထွက်ခဲ့တယ်လို့လည်း ဆိုထားပါတယ် ။
အသက်အရွယ်အရ ဆီးချို နဲ့ နှလုံးရောဂါ ခံစားနေရသလို နားသိပ်မကြားရ မျက်လုံးလည်း မှုန်နေသူတစ်ဦးလည်းဖြစ်တယ်လို့ စိတ်မကောင်းစွာသိရပါတယ် ။ ပရိသတ်ကြီးအတွက် ဒီသတင်းလေးကို ဝေမျှပေးရင်း ဦးချစ်စရာလည်း အမြန်သက်သာပါစေ ဆုတောင်းပေးလိုက်ပါတယ် ။
Credit– Cele Zonemdatenews
mdatenews