သနားစဖွယ်စွန့်ပစ်ခံရတဲ့ နောက်ထပ်ရင်ခွင်မဲ့ကလေးတစ်ဦးကတော့ခိုင်နှင်းဝေရဲ့ မေတ္တာတွေနဲ့ လုံခြုံနွေးထွေးသွားပြန်ပါပြီ။ ရေဝေးသုဿန်အနီးမှာ ခြင်းနဲ့အုပ်ပြီး ဒီတိုင်းပစ်ခံခဲ့ရတာမို့ ခြင်တွေနဲ့ ပုရွက်ဆိတ်တွေကိုက်ခံနေရတဲ့ ကလေးငယ်လေးကို အနီးအနားလူတွေက စာနာကြတာကြောင့် ခိုင်နှင်းဝေဆီအကြောင်းကြားခဲ့ပြီးနောက်မှ
သူမက နောက်ထပ်ခိုင်မိသားစုဝင်လေးတစ်ယောက်အဖြစ် ခေါ်ယူစောင့်ရှောက်ခဲ့ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ ကလေးလေးဟာ မေမေခိုင်ရဲ့လက်ထဲမှာ ပျော်ရွှင်ပြီးရယ်မောနေပုံက အပြစ်ကင်းစင်လွန်းပါတယ်။ဘာမှမသိနားမလည်သေးတဲ့ လူမမယ်ကလေးလေးတွေကို အလွယ်တကူမစွန့်ပစ်မိကြဖို့ မိဘတွေအနေနဲ့ သတိထားရမှာပါ။
စားဝတ်နေရေးကျပ်တည်းလာတာနဲ့အမျှ ဒီလိုကိစ္စရပ်တွေ မကြာခဏဆိုသလို ဖြစ်ပေါ်လာမှာပါ။ ခိုင်နှင်းဝေကတော့ ရင်ခွင်မဲ့ကလေးတိုင်းကို လက်လှမ်းမီသလောက်ကူညီပေးနေခဲ့ပြီး ထပ်မံခေါ်ယူစောင့်ရှောက်လိုက်တဲ့ ကလေးနဲ့အတူ ဘုရားသွားကာ အောင်မြေနင်းပြီး ရွှေသင်္ကန်းတွေ ကပ်လှူကာ အတူတူကုသိုလ်ပြုခဲ့ပါတယ်။
မေတ္တာတရားအရင်းခံပြီးစောင့်ရှောက်ပေးတဲ့လူရဲ့လက်ထဲကိုရောက်သွားတဲ့ ကလေးလေးဘဝလည်း အများကြီးအေးချမ်းသွားမှာပါ။ ချစ်စရာကလေးလေးဟာ လောကကြီးအကြောင်းမသိ၊ အပူအပင်တွေမရှိဘဲ ပကတိဖြူစင်ပြီးအေးချမ်းနေခဲ့ပါတယ်။ ကလေးလေးကိုချစ်ကြတဲ့ ပြည်သူတွေဟာလည်း စောင့်ရှောက်ပေးတဲ့ မေမေခိုင်ကို ကျေးဇူးတင်ကြောင်းမှတ်ချက်တွေ အများအပြားပေးခဲ့ကြပါတယ်။
mdatenews
mdatenews