ကိုယ်တိုင် Delivery ပို့ပေးမယ့် ဆီကုန်သည်လေးကိုတင်ဖေ ပါဆိုတဲ့ မင်းသားချော အောင်ရေချမ်း

 

 

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသားချော အောင်ရေချမ်းကတော့ MRTV_4 ဇာတ်လမ်းတွဲတွေကနေ လူသိများလာပြီးခုချိန်မှာတော့ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူးနော်.. အောင်ရေချမ်းကတော့ ကျရာနေရာကနေ ပါဝင်သရုပ်ဆောင်တတ်ပြီး ပီပြင်တာကြောင့် အောင်ရေချမ်းကိုအားပေးတဲ့ ပရိသတ်တွေကလည်း အများအပြားပါပဲနော်

 

 

 

 

အောင်ရေချမ်းဟာ လတ်တလောမှာတော့ ကိုဗစ်ဖြစ်နေတဲ့ လူနာရှင်တွေအတွက် လုပ်အား၊ငွေအားများဖြင့် ကူညီပေးနေပါတယ်နော်။ မြန်မာနိုင်ငံရဲ့အာဏာသိမ်းမှုမှာ‌တော့အောင်ရေချမ်းကအလှူတွေလိုက်လုပ်ပြီးတော့ ပြည်သူတွေဘက်ကနေရပ်တည်ပေးခဲ့တာ ဖြစ်ပါတယ်။ ခုချိန်မှာတော့ နိုင်ငံရေးကြောင့်ရော ကိုဗစ်ပိုးတွေကြောင့်ရော အလုပ်တွေအကုန်နားထားရတာ ဖြစ်ပါတယ်။

 

 

 

 

 

အလွှာအသီးသီးကလူတွေအားလုံးလည်း စီးပွားရေးကျပ်တည်းကုန်ကြတာ ဖြစ်ပါတယ်နော်.. အနုပညာရှင်တွေလည်း အနုပညာလှုပ်ရှားမှုတွေ နားထားရတာကြောင့် ဇာတ်ကားအသစ်တွေ ထွက်ရှိခြင်းမရှိသေးတာကြောင့် ဇာတ်လမ်းတွဲအဟောင်းများပဲ ပရိသတ်တွေ ကြည့်လို့ရနိုင်သေးတာ ဖြစ်ပါတယ်နော်။ ဒါ့ကြောင့် MRTV-4 မှာပြန်လွှင့်နေတဲ့ ပျားရည်အိုင်ဇာတ်လမ်းထဲမှာတော့ ကိုတင်ဖေကို ပရိသတ်တွေကအားမလိုအားမရ ဖြစ်နေပြီး အားပေးကြမ်းနေကြတာဖြစ်ပါတယ်နော်

 

 

 

 

 

ဒီနေ့လေးမှာတော့ ကိုတင်ဖေက ” ဆီသည်လေးဖြစ်သွားပါပြီခဗျာ ??????ဒီလအတွင်း မှယူပါက ကျွန်တော်ကိုယ်တိုင်အိမ်အရောက်လာပို့ပေးပါမယ် ???ဖုန်းဆက်ပြီးမှာလိုက်ရုံဘဲ ???” ဆိုပြီး ရေးသားလာခဲ့ပါတယ်။ ပရိသတ်ကြီးနဲ့တိုက်ရိုက်ထိတွေ့ဖို့ကြိုးစားရင်း ကိုယ်ပိုင်စီးပွားရေးလေးကို အစပြုနေတဲ့ ကိုတင်ဖေကို ပရိသတ်ကြီးလည်း အားပေးလိုက်ကြပါအုံးနော်

 

 

 

 

mdatenews

mdatenews