မွေးနေ့မှာ သူအရမ်းလိုချင်နေတဲ့ တန်ဖိုးကြီးအသုံးအဆောင်တွေနဲ့ မိန်းမက Suprise လုပ်ပေးပြီး မုန့်ဖိုးတွေပို့ပေးတဲ့ မေမေ့ကြောင့် ဝမ်းသာမဆုံးဖြစ်နေတဲ့စည်ဖြိုး

 

 

ပရိသတ်ကြီးရေ ဒီနေ့ကတော့ သရုပ်ဆောင် စည်ဖြိုးရဲ့ မွေးနေ့ဖြစ်ပါတယ်နော်။ စည်ဖြိုးဟာ အိမ်ထောင်ဦးစီးတာဝန်ကို ကျေပွန်လွန်းသူဖြစ်တာကြောင့် ဇနီးဖြစ်သူ ခင်လွှမ်းက အရမ်းချစ်နေရတာပါနော်။ စည်ဖြိုးရဲ့မွေးနေ့ကိုလည်း ” Happy Birthday ပါ အချစ်ရဆုံး ယောကျ်ားရေ

 

 

 

 

🥰မွေးနေ့မှစပြီးသက်ရှည်ကျန်းမာ ဘေးရန်ကွာပြီး ချစ်သောမိန်းမ ချစ်သော သမီးလေးနှင့်အတူ ကျေးဇူးရှင် ဖေဖေမေမေ တို့နဲ့ တစ်သက်လုံး ကျန်းမာပျော်ရွှင်စွာ နေနိုင်သွားပြီးဆန္ဒနဲ့ ဘဝ တစ်ထပ်တည်းကျနိုင်ပါစေ 🎉🎊🎂🎊🎉.#Shandra’daddy #Khin’s husband ” လို့ ဆုတောင်းပေးထားပါတယ်နော်

 

 

 

 

ရေမွှေးစုတတ်တဲ့ ခင်ပွန်းအကြိုက်ကို သိနေတဲ့ ခင်လွှမ်းကတော့ နာမည်ကြီး ရေမွှေးများနဲ့ ယောကျာ်းပတ် ခါးပတ်တစ်ခုကို မွေးနေ့အမှတ်တရအနေနဲ့ ပေးခဲ့ပါတယ်နော်။ လိုချင်တဲ့ လက်ဆောင်တွေရသွားလို့ အရမ်းပျော်နေတဲ့စည်ဖြိုးကတော့ ” ရေမွှေးစုတတ်တဲ့ကိုယ့်ဝါသနာ အတွက်ရေမွှေးတွေရယ်

 

 

 

 

ကိုယ်လိုချင်တယ်လို့အကြိမ်ကြိမ်ပြောခဲ့ဖူး တဲ့ ခါးပတ်ရယ်..သတိတရ လက်ဆောင်ပေးတဲ့အတွက် အာဘွားအကြီးကြီးပါ မိန်းမ..(ဂျူးမွေးနေ့မှာ မတိုက်ခဲ့တဲ့ စပရိုက်စ်..ဒီနေ့တိုက်ဖို့ရှိတယ်😜)” လို့လည်း ရေးထားပါသေးတယ်နော်။

 

 

 

 

 

မွေးနေ့အထိမ်းအမှတ်အဖြစ် လှူချင်တာလှူဖို့ မွေးနေ့လက်ဆောင်ဝတ္ထုငွေလှမ်းပို့ပေးတဲ့ အပြင် ..ဝန်ထမ်းအယောက် ၄၀ ကျော်ကိုမွေးနေ့မှာ မုန့်ဖိုးလှူချင်တဲ့ ကျွန်တော့်ဆန္ဒကိုပါဖြည့်ဆည်းပေးတဲ့မေကြီး အန္တရယ်ဟူသမျှကင်းဝေးကာ ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာသက်ရှည်ပြီး သာသနာအကျိုးများဆထပ်တိုးသယ်ပိုးနိုင်ပါစေ… ❤❤🙏🙏🙏❤❤လို့လည်း စည်ဖြိုးမှ ဆုတောင်းပေးထားပါသေးတယ်နော်။

 

 

 

CRD:mdatenews

mdatenews