တစ်မိနစ်ပြည့်အောင် လက်မြှောက်လို့မရတဲ့ ဝေဒနာကို နှစ်နဲ့ချီပြီး ခံစားနေရတဲ့ လူနာအား လေးရက်နဲ့ ပျောက်ကင်းအောင် ကုသပေနိုင်ခဲ့ပုံကိုပြောပြလာတဲ့ ထူးခန့်ကျော်

 

ထူးခန့်ကျော်ကတော့ အက်ရှင် ဇာတ်ရုပ်တွေကို ပိုင်နိုင်သလို ပီပြင် ပြောင်မြောက်လွန်းတဲ့ သရုပ်ဆောင် စွမ်းရည်တွေနဲ့ ပရိသတ်တွေကို ရသမျိုးစုံ ပေးစွမ်းနိုင်သူပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် သူတတ်ကျွမ်းတဲ့ ဆေးပညာရပ်လေးနဲ့ တစ်ဖက်တစ်လမ်းကနေ လေဖြတ်လူနာတွေအား တိုင်းရင်းဆေးဖြင့် နှိပ်နယ်ကာ ကုသပေးနေသူလည်း တစ်ယောက်လည်း ဖြစ်ပါတယ်။

 

 

 

အခုလည်း တစ်မိနစ်ပြည့်အောင် လက်မြှောက်လို့မရတဲ့ ဝေဒနာကို နှစ်နဲ့ချီပြီး ခံစားနေရတဲ့ လူနာအား လေးရက်နဲ့ ပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့လို့ ကြည်နူး ပီတိဖြစ်နေတဲ့ အကြောင်းကို ရေးသားဝေမျှလာပါတယ် ။ ဝေဒနာ ခံစားနေရသူလည်း မိမွေးထားတဲ့ အတိုင်း ပြန်လည်ကောင်းမွန်လာလို့ အတော်လေး ဝမ်းသာနေတယ်လို့လည်း သိရပါတယ် ။

 

 

 

 

ဒီလို ပျောက်ကင်းသွားရတဲ့ အကြောင်းကိုလည်း ” ဒီညီလေးနာမည်ကကျော်ဇင်လတ် လှိုင်သာယာမှာနေတယ် သူ့ဘယ်ဘက်လက်တဖက်က1minuteပြည့်အောင်မြှောက်လို့မရဘူး ပြန်ပြန်ပြုတ်ကြလာတယ် သူဖြစ်နေတာတော့နှစ်ချီနေပါပြီ ဒါပေမဲ့သူနဲ့ကျွန်တော်အကြောင်းပါလာတော့

 

 

 

ညီလေးကျော်ဇင်လတ်ကျွန်တော်ထံလာရောက်ကုသရင်း ၄ခေါက်မြောက်လောက်မှာပဲသူရဲ့ဘယ်ဘက်လက်ဟာ မိမွေးထားတဲ့အတိုင်းပြန်ဖြစ်သွားတယ် အရင်အတိုင်းအကြာကြီးမြှောက်လို့ရလို့သူဝမ်းသာနေတာလေးဖြစ်တာကိုကြည့်ပြီး ကျွန်တောဲညီလေးကျော်ဇင်လတ်အတွက်အလွန်တရာကိုပဲ ပီတိဝမ်းသာဖြစ်ခဲ့ရလေသည်

 

 

အခုလို၇ရက်သားသမီးများရဲ့ထုံ ကျင် ကိုက်ခဲ လေဖြတ် လေငန်း ကျီးပေါင်း ဂေါက်ရောဂါနှင့် အခြားခြားသောရောဂါများတို့အား အခမဲ့ပါရမီဖြည့်ကုသခွင့်ရခဲ့လို့လည်းရတနာသုံးပါး၏ခြေအစုံသို့ဦးခိုက်ကန်တော့ရင်း အမျိုးများအားလုံးကျန်းမာလို့ချမ်းသာကြပါစေ ” ရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

 

Cmdatenews

mdatenews