သင်ဇာဝင့်ကျော်ကတော့ နွေဦးတော်လှန်ရေးအစမှာ ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ခဲ့တဲ့အပြင် ကာလဒါနအလှူတွေလည်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။အခုလိုမျိုး စိတ်ဓာတ်ပြတ်ပြတ်သားသားနဲ့ ပြည်သူတွေဘက်ကရပ်တည်ခဲ့တဲ့ သင်ဇာဝင့်ကျော်ကို ပရိသတ်တွေကလည်း ပိုပြီးအားပေးလာကြတာဖြစ်ပါတယ်။
အခုချိန်မှာတော့ သင်ဇာက သူမတတ်နိုင်သလောက် ပြည်သူတွေကို ပံ့ပိုးကူညီပေးနေရင်း အလှူတွေလုပ်ပြီးကုသိုလ်ယူနေတာဖြစ်ပါတယ်။အခုဆိုရင်တော့ သင်ဇာက သူမရဲ့ခံစားချင်တွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားလာခဲ့တာဖြစ်ပါတယ်။
အခုချိန်မှာ သူမက ကိုယ့်အကြောင်းနဲ့ကိုယ်ကောင်းဖို့ကြိုးစားနေရင်တောင် တချို့လူတွေက ထင်ရာ၊မြင်ရာတွေလျှောက်ပြောနေကြလို့ စိတ်မကောင်းဖြစ်နေတာဖြစ်ပါတယ်။တချို့လူတွေဆီကနေ အကောင်းမြင်စိတ်တွေ၊ကောင်းတဲ့စကားတွေပဲကြားချင်နေမိတဲ့ သူမကပဲ မှားနေတာပါဆိုပြီး စာထဲမှာရေးသားထားတာဖြစ်ပါတယ်။
အဲ့ဒီလိုအခြေအနေကြောင့် သင်ဇာက တစ်ခါတလေကျရင် အဝေးဆုံးတစ်နေရာကိုထွက်သွားလိုက်ချင်စိတ်ရှိနေတာဖြစ်ပါတယ်။သူမက တချို့လူတွေဆီကနေ အများကြီးမမျှော်လင့်ထားပေမယ့် “ငါသာသူ့နေရာမှာဆိုရင်”ဆိုတဲ့ကိုယ်ချင်းစာစိတ်လေးရှိပေးစေချင်တာဖြစ်ပါတယ်။
သင်ဇာရဲ့ခံစားချက်တွေကို ပရိသတ်တွေကလည်းဖတ်မိပြီးအားပေးစကားပြောထားကြသေးတာဖြစ်ပါတယ်။အခုချိန်မှာ တချို့လူတွေကြောင့်ခံစားနေရတဲ့ သင်ဇာ့ရဲ့ခံစားချက်တွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။
CRD:MMLoadmdatenews
mdatenews