ရက်စက်တဲ့ မိန်းမကြမ်းကာရိုက်တာ ပီပြင်လွန်းတာကြောင့် ပရိသတ်အမုန်းကိုခံခဲ့ရဖူးတဲ့ တစ်ချိန်က ခင်အေးဟန်

ရက်စက်တဲ့ မိန်းမကြမ်းကာရိုက်တာ ပီပြင်လွန်းတာကြောင့် ပရိသတ်အမုန်းကိုခံခဲ့ရဖူးတဲ့ တစ်ချိန်က ခင်အေးဟန်

ပရိသတ်ကြီးရေ တစ်ချိန်က မျက်နှာဟန်ပန်အမှု့အရာ နဲ့ အသံအနေအထားကို အချိုးကျကျနဲ့ လူမုန်းများအောင် ဗီလိန်နေရာမျိုးတွေမှာ သရုပ်‌ဆောင်နိုင်ခဲ့တဲ့ အမျိုးသမီးကြီးတစ်ဦး ရှိခဲ့ပါတယ်။

သူမကတော့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ဖို့ ဇာတ်ကားတစ်ကားလုံးကို အကောင်းမွန်ဆုံးထောက်ပံ့ပေးရတဲ့ ဇာတ်ပို့သရုပ်ဆောင် ဒေါ်ခင်အေးဟန် ပဲ ဖြစ်ပါတယ်။

မြန်မာ့ရုပ်ရှင် အဖြူအမည်ခေတ်ကတည်းကနေ ကာလာခေတ်ကိုရောက်တဲ့အထိ ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ သူမ ဟာ ရပ်ကွက်ထဲလှည့်လည် အတင်းပြောတဲ့

မိန်းမကြမ်း ကာရိုက်တာ၊ အပေါက်ဆိုးတဲ့မိန်းမကြီး၊မိထွေးဇာတ်ဝင်ခန်း အစရှိတဲ့ ကြမ်းတမ်းတဲ့ကာရိုက်တာတွေကိုပဲ အများဆုံးသရုပ်ဆောင်ပြီး ပရိသတ်အမုန်းကိုခံယူခဲ့ပါတယ်။ ဒေါ်ခင်အေးဟန် ရဲ့

မဲ့မဲ့ရွှဲ့ရွှဲ့ နဲ့ နှုတ်ခမ်းထော် မျက်လုံးပြူးပြတတ်တဲ့ မျက်နှာဟန်ပန်သရုပ်ဆောင်ပုံဟာ ပရိသတ်တွေကြားအတော်ကို နာမည်ကြီးခဲ့ပါတယ်။ အရင်ခေတ်က ဒေါ်မြလေး ရဲ့ “မပြောချင်ဖူး ပြော့ကိုမပြောချင်ဖူး” ဆိုတဲ့

ဇာတ်ဝင်ခန်းထဲက စကားလုံးတွေက နာမည်ကြီးသလို ဒေါ်ခင်အေးဟန် ရဲ့ ဟန်ပန်အမှုအရာတွေဟာလဲ အတော်လေးခေတ်စားခဲ့တာပါ။ ရုပ်ရှင်ဇာတ်ကားတွေမှာ တာဝန်အရ မိန်းမကြမ်းကြီးဖြစ်ခဲ့ရပေမယ့်

အပြင်မှာတော့ အနုပညာကိုချစ်မြတ်နိုးပြီး အနုပညာအတွက် တာဝန်ကျေချင်သူတစ်ဦး ပါပဲ။ ဇာတ်ပို့သရုပ်ဆောင် ဒေါ်ခင်အေးဟာန် ဟာ ၂၀၀၆ ခုနှစ်မှာသူမချစ်တဲ့ အနုပညာလုပ်ငန်းတွေနဲ့

မိသားစု၊ချစ်သူခင်သူတွေကို ခွဲခွာသွားခဲ့တာ ၁၆ နှစ်တင်းတင်းပြည့်ခဲ့ပြီပဲ ဖြစ်ပါတယ်။ မိန်းမကြမ်းကာရိုက်တာ ကို မြင်တိုင်း ဒေါ်ခင်အေးဟန် ရဲ့ သရုပ်ဆောင်ချက်တွေကိုတော့ ပရိသတ်တွေအားလုံးက

သတိရအောက်မေ့နေမှာ အမှန်ပါပဲ။ အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်၊သာယာပျော်ရွှင်ဖွယ်ကောင်တဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။

Zawgyi

ရက္စက္တဲ့ မိန္းမၾကမ္းကာ႐ိုက္တာ ပီျပင္လြန္းတာေၾကာင့္ ပရိသတ္အမုန္းကိုခံခဲ့ရဖူးတဲ့ တစ္ခ်ိန္က ခင္ေအးဟန္

ပရိသတ္ႀကီးေရ တစ္ခ်ိန္က မ်က္ႏွာဟန္ပန္အမႈ႕အရာ နဲ႔ အသံအေနအထားကို အခ်ိဳးက်က်နဲ႔ လူမုန္းမ်ားေအာင္ ဗီလိန္ေနရာမ်ိဳးေတြမွာ သ႐ုပ္‌ေဆာင္ႏိုင္ခဲ့တဲ့ အမ်ိဳးသမီးႀကီးတစ္ဦး ရွိခဲ့ပါတယ္။

သူမကေတာ့ ႐ုပ္ရွင္ကားေကာင္းတစ္ကားျဖစ္ဖို႔ ဇာတ္ကားတစ္ကားလုံးကို အေကာင္းမြန္ဆုံးေထာက္ပံ့ေပးရတဲ့ ဇာတ္ပို႔သ႐ုပ္ေဆာင္ ေဒၚခင္ေအးဟန္ ပဲ ျဖစ္ပါတယ္။

ျမန္မာ့႐ုပ္ရွင္ အျဖဴအမည္ေခတ္ကတည္းကေန ကာလာေခတ္ကိုေရာက္တဲ့အထိ ဇာတ္ကားေတာ္ေတာ္မ်ားမ်ားမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။ သူမ ဟာ ရပ္ကြက္ထဲလွည့္လည္ အတင္းေျပာတဲ့

မိန္းမၾကမ္း ကာ႐ိုက္တာ၊ အေပါက္ဆိုးတဲ့မိန္းမႀကီး၊မိေထြးဇာတ္ဝင္ခန္း အစရွိတဲ့ ၾကမ္းတမ္းတဲ့ကာ႐ိုက္တာေတြကိုပဲ အမ်ားဆုံးသ႐ုပ္ေဆာင္ၿပီး ပရိသတ္အမုန္းကိုခံယူခဲ့ပါတယ္။ ေဒၚခင္ေအးဟန္ ရဲ႕

မဲ့မဲ့႐ႊဲ႕႐ႊဲ႕ နဲ႔ ႏႈတ္ခမ္းေထာ္ မ်က္လုံးျပဴးျပတတ္တဲ့ မ်က္ႏွာဟန္ပန္သ႐ုပ္ေဆာင္ပုံဟာ ပရိသတ္ေတြၾကားအေတာ္ကို နာမည္ႀကီးခဲ့ပါတယ္။ အရင္ေခတ္က ေဒၚျမေလး ရဲ႕ “မေျပာခ်င္ဖူး ေျပာ့ကိုမေျပာခ်င္ဖူး” ဆိုတဲ့

ဇာတ္ဝင္ခန္းထဲက စကားလုံးေတြက နာမည္ႀကီးသလို ေဒၚခင္ေအးဟန္ ရဲ႕ ဟန္ပန္အမႈအရာေတြဟာလဲ အေတာ္ေလးေခတ္စားခဲ့တာပါ။ ႐ုပ္ရွင္ဇာတ္ကားေတြမွာ တာဝန္အရ မိန္းမၾကမ္းႀကီးျဖစ္ခဲ့ရေပမယ့္

အျပင္မွာေတာ့ အႏုပညာကိုခ်စ္ျမတ္ႏိုးၿပီး အႏုပညာအတြက္ တာဝန္ေက်ခ်င္သူတစ္ဦး ပါပဲ။ ဇာတ္ပို႔သ႐ုပ္ေဆာင္ ေဒၚခင္ေအးဟာန္ ဟာ ၂၀၀၆ ခုႏွစ္မွာသူမခ်စ္တဲ့ အႏုပညာလုပ္ငန္းေတြနဲ႔

မိသားစု၊ခ်စ္သူခင္သူေတြကို ခြဲခြာသြားခဲ့တာ ၁၆ ႏွစ္တင္းတင္းျပည့္ခဲ့ၿပီပဲ ျဖစ္ပါတယ္။ မိန္းမၾကမ္းကာ႐ိုက္တာ ကို ျမင္တိုင္း ေဒၚခင္ေအးဟန္ ရဲ႕ သ႐ုပ္ေဆာင္ခ်က္ေတြကိုေတာ့ ပရိသတ္ေတြအားလုံးက

သတိရေအာက္ေမ့ေနမွာ အမွန္ပါပဲ။ အဆုံးထိဖတ္ရႈ႕ေပးတဲ့ စာဖတ္ပရိသတ္ေတြကို ေက်းဇူးအထူးတင္ရွိပါတယ္၊သာယာေပ်ာ္႐ႊင္ဖြယ္ေကာင္တဲ့ ေန႔ရက္တိုင္းကို ပိုင္ဆိုင္ႏိုင္ၾကပါေစ။mdatenews

mdatenews