ပရိသတ်ကြီးရေ သရုပ်ဆောင် နန္ဒာလှိုင်ဟာ ဇေသီဟနဲ့ လက်ထပ်ထားပြီး သမီးသုံးယောက် မွေးထားပါတယ်နော်။ နန္ဒာလှိုင်တို့ တစ်မိသားစုလုံးကို နွေဦးတော်လှန်ရေးတွင် မပါဝင်ခဲ့တဲ့အတွက် ပြည်သူများမှ social Punishment လုပ်နေကြတာပါနော်။ အခုတစ်ခါလည်း နန္ဒာလှိုင်တို့မိသားစုနဲ့ပတ်သက်ပြီ သတင်းတစ်ခုထွက်လာပြန်ပါပြီနော်။
နန္ဒာလှိုင်ရဲ့ မောင်နှမတွေကို အတူနေစေချင်တဲ့အတွက် ဇေသီဟမှ ပေ (၁၀၀) ပတ်လည် ကျယ်ဝန်းတဲ့ မြေကွက်တွေကို အလကားနီးပါးရတဲ့ဈေးနဲ့ ရောင်းပေးနေတာပါနော်။ ” 29.8.21 Family Gathering အိပ်ပုတ် တဲ့သူနဲ့ နယ်ရောက်နေတဲ့သူတော့မပါလိုက်ရဘူးမိသားစုတွေ စုပြီး
ရှေ့ရေးနောက်ရေးတိုင်ပင်ကြတော့ကျမ ကိုစိတ်မချတဲ့မနန္ဒာ က မျက်စိအောက်မှာပဲအတူတူနေရအောင်ဆိုပြီး သူတို့မိသားစုနေမယ့်အိမ်လေးရဲ့အရှေ့Royal မင်္ဂလာဒုံဥယျာဉ်မြို့တော်ဂေါက်ကွင်းအိမ်ရာ မှာမြေ ၅ ကွက်ဝယ်ပြီးမောင်နှမ ၅ယောက်လုံးကိုပေ ၁ဝဝပတ်လည်မြေကွက် တယောက် တကွက်စီ ပေးပြီး အသက်ကြီးလာရင် တူတူနေကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ခုလိုအမကြီး ပီသစွာ တာဝန်ကျေလွန်းတဲ့ မနန္ဒာနဲ့ အကိုရင်းတယောက်လို မောင်နှမတွေကို ဂရုစိုက်တတ်တဲ့ ကိုဇေတို့ မိသားစုအားလုံး ––ဘဝတလျှောက်လုံးသူတော်ကောင်းတို့နဲ့သာတွေ့ဆုံနိုင်ပါစေ–မိမိဘာမှမလုပ်ခဲ့ပါဘဲလျှက် အသားလွတ် ဆဲဆိုကျိန်စာတိုက်ခံရခြင်းမှ လွတ်ကင်းပြီးဘဝ တလျှောက်လုံး အေးချမ်းသာယာပါစေလိုတိုင်း တတိုင်း ချက်ချင်းပြည့်စုံပြီး ကျန်းမာပျော်ရွှင်ပါစေမောင်နှမတွေကိုလည်း ယခုလို အမြဲတမ်းဖြည့်ဆည်းနိုင်ပါစေ ??
ဒါတောင်အကို ကိုဇေကအိမ်ဆောက်ပေးမလို့ဟာ ယောင်းမ မနန္ဒာက မက်စောင်းထိုးလို့??” လို့ နန္ဒာလှိုင်ရဲ့ ညီမမှ ရေးထားပါတယ်နော်။နန္ဒာလှိုင်ကလည်း ” မောင်နှမတွေအတူတူစုနေချင်လို့မြေ ၅ ကွက်ရောင်းပေးပါအလကားလဲမလိုချင်ပါဘူးဆိုတော့၅ ကွက်ပေါင်းမှတကွက်တန်ဖိုးလောက်တောင်မရှိတဲ့(အလကားမတ်တင်း)စျေးနဲ့ပေးတဲ့
ကိုဇေ့ဖေဖေမိန်းမရဲ့မိသားစုကိုဘာဖြည့်ဆည်းပေးရမလဲအမြဲကြည့်နေတတ်တဲ့ကိုဇေ့ကိုလဲအရမ်းကျေးဇူးတင်ပါတယ်မောင်နှမတွေတနေရာထဲမှာအတူတူစုနေချင်တဲ့ဆန္ဒပြည့်ပါပြီ” လို့ ရေးထားပါတယ် ပရိသတ်ကြီးရေ
Creditmdatenews
mdatenews