ခင်ပွန်းဖြစ်သူ ကိုတာတာမျိုးရဲ့ ရက်လည်ကို သူမတို့မင်္ဂလာဦးဆွမ်းကျွေးပြုလုပ်ခဲ့တဲ့ကျောင်းမှာပဲ ပြုလုပ်ပေးခဲ့တဲ့ နန်မြတ်ဖြိုးသင်း

 

 

ကိုဗစ်ကပ်ရောဂါဆိုးကြီးနဲ့ ရုတ်တရက်ခွဲခွာသွားခဲ့ရတဲ့အတွက် ခင်ပွန်းအတွက် ဖြေမဆည်နိုင်အောင် ဝမ်းနည်းနေရသလို နေ့စဉ်နဲ့အမျှရည်စူးကုသိုလ်လေးတွေ ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။

 

 

 

 

နန်းမြတ်ဖြိုးသင်းကဝောာ့ အဆိုးဝါးဆုံးအချိန်တွေမှာ သားလေးနဲ့ သမီးလေးအတွက် အားတင်းပြီး ကြိုးစားနေထိုင်နေသလို တစ်ဖက်မှာလည်း ဝမ်းနည်းပူဆွေးမှုတွေကို ရင်ဆိုင်ခံစားနေ ရတာပါ။

 

 

 

 

ခင်မင်ရင်းနှီးကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပရိသတ်တွေကလည်း သူမကို အားပေးနှစ်သိမ့်ကာ ထပ်တူဝမ်းနည်းနေကြပြီး ကွယ်လွန်သူအတွက် ကောင်းမှုကုသိုလ်လေးတွေ တတ်နိုင်သလောက်ပြုလုပ်ပေးကြတာလည်း တွေ့ရ ပါတယ်..။

 

 

 

 

နန်းမြတ်ဖြိုးသင်းကတော့ သူမတို့မင်္ဂလာဦးဆွမ်းကပ်ခဲ့တဲ့ ကံ့ကော်မြိုင်ကျောင်း တိုက်မှာလည်း ခင်ပွန်းအတွက်ရည်စူးပြီး သူမကိုယ်တိုင်ရက်လည်ဆွမ်းကပ် ကုသိုလ်ပြုခဲ့သလို မိဘဆွေမျိုး မိတ်ဆွေများအားလုံးရဲ့ ရည်စူးကုသိုလ်

 

 

 

 

 

တွေနဲ့ ချစ်ခင်စွာအလှူပြုအမျှဝေပေးသူများအားလုံးကိုလည်း ကျေးဇူးတင်စကားပြောလာပါတယ်..။ပြုသမျှကောင်းမှုကုသိုလ်လေးတွေကြောင့် ခင်ပွန်းဖြစ်သူ ကောင်းရာသုဂတိလားစေဖို့ကိုလည်း ဆုတောင်း စကားဆိုထား ပါသေးတယ်..။

 

 

 

 

CRD:mdatenews

mdatenews