ဇာတ်ပို့သရုပ်ဆောင် ဦးဆင်မကတော့ ပြီးခဲ့တဲ့ သြဂုတ်လ (၂၄) ရက်နေ့ညကပဲ ဖမ်းဆီးခေါ်သွားခြင်းခံလိုက်ရကြောင်း သိရှိရပါတယ်။ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရပ်တည်ခဲ့တဲ့ ဦးဆင်မတစ်ယောက် အခုလိုဖမ်းဆီးခံလိုက်ရတဲ့အပေါ် အားလုံးက စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ် ။ အနုပညာအသိုင်းအဝိုင်းက အနုပညာရှင်တွေကလည်း ဦးဆင်မအတွက် စိုးရိမ်စိတ်တွေနဲ့အတူ စိတ်ပူနေကြတာ ဖြစ်ပါတယ် ။
ဒါရိုက်တာ သည်ခေတ်နေကလည်း ဖမ်းဆီးခံလိုက်ရတဲ့ ဦးဆင်မရဲ့သတင်းကို အားလုံးသိအောင် ပြောပြလာခဲ့တာ ဖြစ်ပါတယ် ။ သည်ခေတ်နေက ဦးဆင်မကိုစိတ်ပူလို့ အိမ်ရွှေ့နေဖို့အတွက်တောင် ပြောခဲ့သေးတယ်လို့ သိရပါတယ်။
ဒါပေမဲ့လည်း သူ့ရဲ့စကားတွေက အချည်းနှီးဖြစ်ခဲ့အတွက် သည်ခေတ်နေက စိတ်မကောင်းဖြစ်နေရတာ ဖြစ်ပါတယ် ။ အခုလည်း သည်ခေတ်နေက ဦးဆင်မအဖမ်းခံလိုက်ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သူ့ရဲ့ထင်မြင်ချက်ကို ပြောပြလာခဲ့တာ ဖြစ်ပါတယ် ။
ဦးဆင်မအဖမ်းခံရတဲ့ကိစ္စနဲ့ ဆက်စပ်ပြီး ရုပ်ရှင်အစည်းအရုံးနဲ့ လက်ရှိပတ်သက်နေတဲ့သူ (၃)ယောက်ထဲက (၁)ယောက်ကို မယုံဘူးဆိုပြီး သည်ခေတ်နေက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားတာ ဖြစ်ပါတယ် ။ ဒါ့အပြင် သည်ခေတ်နေက
အဲ့ဒီတစ်ယောက်ကို “အသားထဲကလောက်” ဆိုပြီး ဒဲ့ပြောထားတာလည်း တွေ့ရပါတယ်။ သရုပ်ဆောင်ဦးဆင်မ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့အပေါ် သူ့ရဲ့ထင်မြင်ချက်ကို ပြောပြလာတဲ့ ဒါရိုက်တာ သည်ခေတ်နေရဲ့စာကိုလည်း ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
CRD:MMloadmdatenews
mdatenews