ထားထက်ထက်ကတော့ လွတ်မြောက်နယ်မြေကိုရောက်ရှိနေတဲ့အချိန်မှာ PDFလူငယ်လေးတွေရဲ့အကျိုးအတွက်တစ်ထောင့်တစ်နေရာကနေ ဝိုင်းဝန်းကြိုးပမ်းပေးနေတာဖြစ်ပါတယ်။ဇူလိုင်လ (၂၆)ရက်နေ့ညကဆိုရင် ဖခင်ဖြစ်သူကွယ်လွန်သွားတာတောင် ထားထက်ထက်က အနားမှာမနေပေးခဲ့နိုင်တာပဲဖြစ်ပါတယ်။မိသားစုနဲ့ခွဲခွါပြီးအရေးတော်ပုံအောင်ဖို့ကြိုးစားနေချိန်မှာ ဖခင်တစ်ယောက်လုံးကို အပြီးတိုင်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။
ဒီနေ့ဆိုရင်တော့ သူမရဲ့ဖခင် ကွယ်လွန်သွားခဲ့တာ တစ်လတိတိပြည့်သွားပြီဖြစ်ပါတယ်။ဒါ့ကြောင့် ငယ်ငယ်ကအမှတ်တရလေးတွေကို ပြန်စဉ်းစားပြီး ဖခင်ကိုအရမ်းသတိရနေတာဖြစ်ပါတယ်။ထားထက်ထက်က ငယ်ငယ်တုန်းကဆိုရင်
အရမ်းငိုတတ်တာကြောင့် အသက်ရှူရပ်တဲ့အထိဖြစ်ခဲ့လို့ ဖခင်ကပဲလေပြန်မှုတ်သွင်းပြီး အသက်ကယ်ခဲ့တာဖြစ်ပါတယ်။အငယ်ဆုံးသမီးလေးဖြစ်တဲ့ သူမက ဂျစ်ကန်ကန်၊ပေကပ်ကပ်ဖြစ်လို့ ခဏခဏရိုက်ပြီးဆုံးမပေးတဲ့ ဖေဖေ့ကို တမ်းတမိနေတာဖြစ်ပါတယ်။
ထားထက်ထက်ကလည်း သူမရဲ့ဖခင်အတွက် ဒီထက်ကောင်းတဲ့အိမ်ကြီးနဲ့ ကားကို ဝယ်ပေးချင်သေးတာဖြစ်ပါတယ်။သူမကတော့ ဖခင်ဖြစ်သူရဲ့ရက်လည်နေ့မှာလည်း တရားမနာခဲ့ရတဲ့အပြင် ဘာမှမလုပ်ပေးနိုင်လို့ ဝမ်းနည်းခံစားနေရတာဖြစ်ပါတယ်။
အခု တစ်လပြည့်မှာလည်း ဖခင်ဖြစ်သူကို သတိရမိတာကလွဲရင် အခြေအနေမပေးလို့ကုသိုလ်ကောင်းမှူတောင်မလုပ်ပေးရတာဖြစ်ပါတယ်။ဒါ့ကြောင့် အရမ်းခံစားနေရပြီး ဖခင်ကိုသတိရနေတဲ့ ထားထက်ထက်ရဲ့ ခံစားချက်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
CRD:MMLoadmdatenews
mdatenews