အမှန်တရားဘက်ကနေ ရဲရဲဝင့်ဝင့် ရပ်တည်ပြီး တော်လှန်ရေးမှာ စိတ်ရောကိုယ်ပါနှစ်ကာ ကြိုးစားအားထုတ်နေတဲ့ မင်းမော်ကွန်းကို ပြည်သူတွေကလည်း လေးစားချစ်ခင်နေကြတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ မင်းမော်ကွန်းကလွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေပြီး စစ်ပညာတွေကို သင်ယူလေ့လာနေတာ ဖြစ်ပါတယ် ။ အရာရာကို စွန့်လွှတ်ခဲ့ရတဲ့ မင်းမော်ကွန်းက သူ့ရဲ့မိသားစုလေးနဲ့အတူ အားတင်းရင်း ကြိုးစားရှင်သန်နေရတာ ဖြစ်ပါတယ် ။
နာမည်ကြီးအနုပညာရှင် တစ်ယောက်ဖြစ်ပေမယ့်လည်း အခုချိန်မှာတော့ မင်းမော်ကွန်းက ပြည်သူ့ရဲဘော်ဘဝနဲ့ တိုင်းပြည်အပေါ် တာဝန်ကျေပွန်အောင် ကြိုးစားနေတာ ဖြစ်ပါတယ် ။ မင်းမော်ကွန်းရဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့ ခိုင်မာတဲ့စိတ်ဓာတ်ကို
သူ့ရဲ့ပရိသတ်တွေနဲ့ ပြည်သူတွေအားလုံးက လေးစားဂုဏ်ယူနေရတာ ဖြစ်ပါတယ် ။ လတ်တလောမှာဆိုရင်လည်း ယူနီဖောင်းဝတ်ဆင်နေတဲ့ မင်းမော်ကွန်းရဲ့ပုံရိပ်တွေက လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့လာတာ တွေ့ရပါတယ်။ပုံထဲမှာတော့ လွတ်မြောက်နယ်မြေမှာရှိတဲ့ ရဲဘော်တွေက မင်းမော်ကွန်းကို ယူနီဖောင်းဝတ်ဆင်ပေးနေသလို ဆံပင်ညှပ်တာအစ တာဝန်ယူပြင်ဆင်ပေးနေတာ ဖြစ်ပါတယ် ။
မင်းမော်ကွန်းကလည်း ရည်မှန်းချက်ချင်းတူတဲ့ သူ့ရဲ့ရဲဘော်တွေနဲ့အတူ ရင်းရင်းနှီးနှီးရှိတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ် ။ ပြည်သူ့ရဲဘော်ဘဝကို ခံယူလိုက်တဲ့ မင်းမော်ကွန်းအတွက် အစစအရာရာ ပြင်ဆင်ပေးနေတဲ့ ရဲဘော်တွေရဲ့ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
CRD:MMLoadmdatenews
mdatenews