ဇနီးဖြစ်သူ ဒါဏ်ရာရနေတယ်ဆိုတဲ့ သတင်းအမှားနဲ့ပတ်သက်ပြီး ဟာသလေးနှောကာ ပြောပြလာတဲ့ အမှန်တရားရဲ့ဘက်တော်သားကြီး မင်းမော်ကွန်း

 

 

သရုပ်ဆောင်မင်းမော်ကွန်းကတော့တော်လှန်ရေးကြီးမှာလဲတက်တက်ကြွကြွပါဝင်ပြီးလူထုလှုပ်ရှားမှုတွေမှာအားတက်သရောပါဝင်ခဲ့တာကြောင့်ပုဒ်မ၅၀၅ကနဲ့မတရားအမှုဖွင့်ထားခြင်းခံရပြီးဘေးကင်းရာကိုရှောင်တိမ်းနေရပါတယ်။

 

 

 

အခုတစ်ခါမှာဆိုရင်လဲသရုပ်ဆောင်မင်းမော်ကွန်းကမဟုတ်မမှန်တဲ့သတင်းတွေကိုဟာသအနေနဲ့အခုလိုပြန်လည်ရေးသားဖော်ပြထားပါတယ်နော်မင်းမော်ကွန်းကကျွန်တော်လွတ်မြောက်နယ်မြေရောက်ရောက်ချင်းKNUကဖမ်းဆီးပြီးစကစလက်ထဲပြန်ပို့ခံရပါတယ်၊

 

 

 

 

ဒါပေမယ့်ဇွဲမလျော့တဲ့ကျွန်တော်ပြန်ထွက်ပြေးလွတ်မြောက်လာတဲ့အခါမှာတော့မီးရှို့သတ်ဖြတ်ခြင်းကိုခံရပြန်ပါတယ်။သို့သော်အသက်ပြင်းတဲ့ကျွန်တော်ကတော့တပ်မဟာ၆မှာတိုက်ပွဲတွေတိုက်နေရင်းကချက်ချင်းဖာပွန်ရောက်ပြီးဘယ်ပေါင်လားညာပေါင်လားမသိကျည်ဖေါက်ဝင်ခဲ့ပါတယ်ဆိုပြီးတော့ရေးသားထားပါတယ်။

 

 

 

 

နောက်ပြီးတော့ဘာရမလဲငါကွဆိုပြီးကြိုးစားလိုက်တာကသာရဲစခန်းကိုသိမ်းနိုင်ခဲ့တယ်၊ဘီးလင်းရောက်မှကျွန်တော်ဦးစီးတဲ့pdfစခန်းကိုဝင်စီးချိန်မှာမိန်းမအဖမ်းခံရတယ်ဆိုလား၊လက်နက်ကြီးထိတယ်ဆိုလား။ကျွန်တော့်မိန်းမခမျာသူ့ဟာသူတောင်ဝေခွဲမရသေးပါဘူး၊

 

 

 

 

ကျွန်တော်ကတော့သားဘုန်းရဲ့တိုက်ရည်ခိုက်ရည်ကြောင့်သာထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်ပါတယ်၊ခုချိန်မှာတော့ကျွန်တော်တို့သားအဖ၊သားဘုန်းတို့အမေကိုကယ်တင်ဖို့နေပြည်တော်ရောက်နေပါပြီ၊WeRSuperHerosဆိုပြီးတော့သူရဲလူမှုကွန်ယက်ထက်မှာရေးသားထားပါတယ်။

 

 

 

Credit:Celebrity Platformmdatenews

mdatenews