ပရဟိတဗန်းပြပြီးမှ စားနိုင်သောက်နိုင်မယ့် အခြေအနေမဟုတ်ဖူးလို့ တုန့်ပြန်လိုက်တဲ့ ခိုင်နှင်းဝေ
ပရဟိတဗန်းပြပြီးမှ စားနိုင်သောက်နိုင်မယ့် အခြေအနေမဟုတ်ဖူးလို့ တုန့်ပြန်လိုက်တဲ့ ခိုင်နှင်းဝေ
ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချော ခိုင်နှင်းဝေ ကတော့ ပါးပြင်မှာ လှပတဲ့ပါးချိုင့်‌လေးနဲ့ ချိုသာတဲ့အပြုံးပိုင်ရှင်တစ်ဦးဖြစ်ပြီး
ရုပ်ရှင်ကောင်းများစွာမှာ ပါဝင်ရိုက်ကူးထားတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ ခိုင်နှင်းဝေ ဟာာရိုက်တာပေါင်းများစွာကို
ပီပီပြင်ပြင်နဲ့အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်အပီအပြင် ရရှိထားတာပဲဖြစ်ပါတယ် ။ ‌
သူမကတော့
နောက်ပိုင်းမှာတော့ အနုပညာလှုပ်ရှားမှု့တွေနည်းလာပြီး ပရဟိတလုပ်ငန်းတွေကိုသာ အားစိုက်လုပ်ကိုင်လာခဲ့ပါတယ် ။
လက်ရှိမှာ မိဘမဲ့ကလေးတွေနဲ့ အစွန့်ပစ်ခံ ကလေးလေးတွေကို အဓိကစောက်ရှောက်တဲ့ ခိုင် မိသားစုဂေဟာ ကို ဖွင့်လှစ်ထားပါတယ် ။
ဒီလိုပရဟိတတွေကို တောက်လျှောက်လုပ်ကိုင်နေတဲ့ ခိုင်နှင်းဝေ ကတော့ မနာလိုသူတွေရဲ့ တိုက်ခိုက်မှု့ကို ခံနေရပါတယ် ။
ဒါကြောင့် သူမရဲ့လူမှု့ကွန်ယက်ပေါ်မှာတစ်ဆင့် အခုလိုပဲ ပြန်လည်တုန့်ပြန့်လိုက်ပါတယ် ။ ” ဘုရား တရားလုပ်ပီဆို
အကုသိုလ်က စ,ပြီ..ပရဟိတလုပ်ရင် Brand မဝတ်ရဘူး ၊ စားစရာမရှိလို့ ထ, လုပ်တယ်၊ အလှူငွေတွေ တအားရတယ် ဆိုပြီးပဲ
ဝေဖန်ကြတာကို စိတ်ထဲ မထားပဲနေလို့ရပေမဲ့ ကျမ စွန့်ပစ်ကလေးတွေကို မကယ်ပဲထားနိုင်တဲ့ စိတ်တော့ မရှိလို့ ဆက်လက်ပြီး
ကယ်တင်ဖြစ်ဦးမှာပါ..ကျမ အနောက်မှာ လက်မဲလဲ မရှိသလို လက်ဖြူလဲ မရှိပါဘူး… အသက် (၁၈) နှစ်ထဲက အနုပညာလောကကို
ခြေချလာတဲ့ အတွက် ကျမက ကလေးတွေရော၊ ပရဟိတကိုရော ဗန်းပြမှ စားနိုင်သောက်နိုင်လဲ မဟုတ်ပါဘူးရှင်..
ကျမ ကလေးတွေ နဲ့ ကျမ ပျော်သလိုနေပြီး ကျမ လုပ်နိုင်သလောက် ဆက်လုပ်သွားမှာမို့ ကျမကို ဝေဖန်တိုက်ခိုက်ရင်လဲ
ကျမ အတွက် ဘာမှ မဖြစ်သလို အကိုတို့ အမတို့အတွက်လဲ တရက်အပြင် အပျင်းမပြေနိုင်ပါဘူးရှင်..” လို့ ခိုင်နှင်းဝေ ဟာ
သူမရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ် ။ အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်၊သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ ။
Zawgyi
mdatenews
mdatenews