ယောကျာ်းကောင်း ပီသလို့တွဲခဲ့ပေမယ့် တစ်ခုလပ်ဖြစ်နေတာကြောင့် ဝေဖန်ခံနေရတဲ့ သရုပ်ဆောင် ခေးဆက်သွင်
ပရိသတ်ကြီးရေ ဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်း နာမည်ကြီး လူကြိုက်များလာတဲ့ မင်းသမီးချောလေး ခေးဆက်သွင် ကတော့
MRTV-4 ရုပ်သံ ဇာတ်လမ်းတွဲလေးထဲကနေချစ်စရာ အပြုအမူ လေးတွေကြောင့် အချိန် တိုအတွင်း ပရိသတ်တွေရဲ့ အချစ်တွေကို
အပြည့် အဝရရှိခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေက ချစ်စနိုးနဲ့ ခေး လို့ခေါ်တဲ့ ခေးဆက်သွင် ဟာ ကျရာဇာတ်ရုပ်ကို
ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေ အချစ်ပိုနေရတဲ့ သရုပ်ဆောင်တစ်ယောက်လဲဖြစ်ပါတယ်။
ခေးဆက်သွင် ဟာ Forever Group ကနေ မြေတောင်မြှောက်ပေးထားတဲ့ သရုပ်ဆောင်မင်းသမီးတစ်လက်ဖြစ်ပါတယ်။
MRTV-4 နဲ့အတူ၉ နှစ်တာလက်တွဲခဲ့ပြီး သူမပါဝင်တဲ့ဇာတ်လမ်းတွဲတွေဟာလဲ ပရိသတ်တွေကြား အရမ်းကိုအောင်မြင်ခဲ့တာကိုလဲ
တွေ့ရပါတယ်။ ခေး ဟာ လက်ရှိမှာ အပြင် Production တွေနဲ့အလုပ်တွဲလုပ်နေပြီးတော့ Forever Group နဲ့ စာချုပ်တွေ
ထပ်မချုပ်ဖြစ်တော့ဖူးလို့ သိရပါတယ်။ သရုပ်ဆောင် ခေးဆက်သွင် ဟာ သူမရဲ့ချစ်သူနဲ့ပတ်သက်ပြီး အခုလိုပဲ ဖြေရှင်းလာခဲ့ပါတယ်။ ”
ဟုတ်ကဲ့ ခေးချစ်သူကတခုလပ်ပါ… လက်ရှိအိမ်ထောင်လည်း မရှိပါဘူးရှင့် ကွဲခဲ့တာကြာပါပြီ … ဘာလို့ယူဖို့ဆုံးဖြတ်လည်းဆိုတော့
ချစ်လို့ပါ ယောကျာ်းကောင်းပီသလို့ပါနားလည်မှု တာဝန်ယူမှုရှိပြီးမဖောက်ပြန်လို့ပါ…စDate ကတည်းက အားလုံးမကွယ်မဝှက်
ပွင့်ပွင့်လင်းလင်းပြောပြထားပြီးသားပါ..သူ့မိသားစုနဲ့လည်း ခဏခဏတွေ့ကြည့်ပြီး ရင်းနှီးပြီးသားပါ… ပတ်ဝန်းကျင်
သူငယ်ချင်း မိတ်ဆွေကြားမှာလည်းမကောင်းသတင်း မကြားရတဲ့ မိသားစုပါ. သူတို့ဆွေမျိုးတွေကြားမှာ ဖြစ်တဲ့
အိမ်တွင်းရေးပြဿနာနဲ့ အမှုအခင်းကိစ္စတွေကခေး သိပြီးသားပါရှင့်.. ချစ်လို့ ခင်လို့ လာပြောပြကြတဲ့ စေတနာတွေကို
နားလည်ပေမယ့် တချို့က အရှက်ခွဲချင်လို့ အားလုံးရှိတဲ့ ခေးရဲ့ post အောက်ကpublic commentမှာ လာမန့်တာတွေ
သတင်း media pageအောက်မှာ ဝင်ရေးတဲ့သူ တွေကျတော့ ဘယ်လို နားလည်ရမှန်းမသိလို့ပါရှင်…တကယ်သိစေချင်လို့
ချစ်တဲ့စိတ်ရှိသူတိုင်းက Cbက လာပြောကြပါတယ်..ချစ်လို့ခင်လို့ စေတနာထားကြတာ ကျေးဇူးပါနော် တစ်စိတ်ကို
တစ်အိတ်မဖြစ်စေချင်လို့ပါ ခေးအဆင်ပြေပါတယ်…”လို့ ခေးဆက်သွင် ဟာ သူမရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရင်ဖွင့်ထားတာကို တွေ့ပါတယ် ။
Zawgyi
ေယာက်ာ္းေကာင္း ပီသလို႔တြဲခဲ့ေပမယ့္ တစ္ခုလပ္ျဖစ္ေနတာေၾကာင့္ ေဝဖန္ခံေနရတဲ့ သ႐ုပ္ေဆာင္ ေခးဆက္သြင္
ပရိသတ္ႀကီးေရ ဇာတ္လမ္းတြဲေတြ ႐ိုက္ကူးရင္း နာမည္ႀကီး လူႀကိဳက္မ်ားလာတဲ့ မင္းသမီးေခ်ာေလး ေခးဆက္သြင္ ကေတာ့
MRTV-4 ႐ုပ္သံ ဇာတ္လမ္းတြဲေလးထဲကေနခ်စ္စရာ အျပဳအမူ ေလးေတြေၾကာင့္ အခ်ိန္ တိုအတြင္း ပရိသတ္ေတြရဲ႕ အခ်စ္ေတြကို
အျပည့္ အဝရရွိခဲ့တာပဲျဖစ္ပါတယ္။ ပရိသတ္ေတြက ခ်စ္စႏိုးနဲ႔ ေခး လို႔ေခၚတဲ့ ေခးဆက္သြင္ ဟာ က်ရာဇာတ္႐ုပ္ကို
ပိုင္ပိုင္ႏိုင္ႏိုင္သ႐ုပ္ေဆာင္ႏိုင္တာေၾကာင့္ ပရိသတ္ေတြ အခ်စ္ပိုေနရတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္လဲျဖစ္ပါတယ္။
ေခးဆက္သြင္ ဟာ Forever Group ကေန ေျမေတာင္ေျမႇာက္ေပးထားတဲ့ သ႐ုပ္ေဆာင္မင္းသမီးတစ္လက္ျဖစ္ပါတယ္။
MRTV-4 နဲ႔အတူ၉ ႏွစ္တာလက္တြဲခဲ့ၿပီး သူမပါဝင္တဲ့ဇာတ္လမ္းတြဲေတြဟာလဲ ပရိသတ္ေတြၾကား အရမ္းကိုေအာင္ျမင္ခဲ့တာကိုလဲ
ေတြ႕ရပါတယ္။ ေခး ဟာ လက္ရွိမွာ အျပင္ Production ေတြနဲ႔အလုပ္တြဲလုပ္ေနၿပီးေတာ့ Forever Group နဲ႔ စာခ်ဳပ္ေတြ
ထပ္မခ်ဳပ္ျဖစ္ေတာ့ဖူးလို႔ သိရပါတယ္။ သ႐ုပ္ေဆာင္ ေခးဆက္သြင္ ဟာ သူမရဲ႕ခ်စ္သူနဲ႔ပတ္သက္ၿပီး အခုလိုပဲ ေျဖရွင္းလာခဲ့ပါတယ္။ ”
ဟုတ္ကဲ့ ေခးခ်စ္သူကတခုလပ္ပါ… လက္ရွိအိမ္ေထာင္လည္း မရွိပါဘူးရွင့္ ကြဲခဲ့တာၾကာပါၿပီ … ဘာလို႔ယူဖို႔ဆုံးျဖတ္လည္းဆိုေတာ့
ခ်စ္လို႔ပါ ေယာက်ာ္းေကာင္းပီသလို႔ပါနားလည္မႈ တာဝန္ယူမႈရွိၿပီးမေဖာက္ျပန္လို႔ပါ…စDate ကတည္းက အားလုံးမကြယ္မဝွက္
ပြင့္ပြင့္လင္းလင္းေျပာျပထားၿပီးသားပါ..သူ႔မိသားစုနဲ႔လည္း ခဏခဏေတြ႕ၾကည့္ၿပီး ရင္းႏွီးၿပီးသားပါ… ပတ္ဝန္းက်င္
သူငယ္ခ်င္း မိတ္ေဆြၾကားမွာလည္းမေကာင္းသတင္း မၾကားရတဲ့ မိသားစုပါ. သူတို႔ေဆြမ်ိဳးေတြၾကားမွာ ျဖစ္တဲ့
အိမ္တြင္းေရးျပႆနာနဲ႔ အမႈအခင္းကိစၥေတြကေခး သိၿပီးသားပါရွင့္.. ခ်စ္လို႔ ခင္လို႔ လာေျပာျပၾကတဲ့ ေစတနာေတြကို
နားလည္ေပမယ့္ တခ်ိဳ႕က အရွက္ခြဲခ်င္လို႔ အားလုံးရွိတဲ့ ေခးရဲ႕ post ေအာက္ကpublic commentမွာ လာမန႔္တာေတြ
သတင္း media pageေအာက္မွာ ဝင္ေရးတဲ့သူ ေတြက်ေတာ့ ဘယ္လို နားလည္ရမွန္းမသိလို႔ပါရွင္…တကယ္သိေစခ်င္လို႔
ခ်စ္တဲ့စိတ္ရွိသူတိုင္းက Cbက လာေျပာၾကပါတယ္..ခ်စ္လို႔ခင္လို႔ ေစတနာထားၾကတာ ေက်းဇူးပါေနာ္ တစ္စိတ္ကို
တစ္အိတ္မျဖစ္ေစခ်င္လို႔ပါ ေခးအဆင္ေျပပါတယ္…”လို႔ ေခးဆက္သြင္ ဟာ သူမရဲ႕လူမႈ႕ကြန္ယက္ေပၚမွာ ရင္ဖြင့္ထားတာကို ေတြ႕ပါတယ္ ။
mdatenews
mdatenews