မြန်မာပြည်ရဲ့ အနုပညာကြေးအများဆုံး မင်းသမီးက ဘယ်သူဖြစ်မလဲ ????

မြန်မာပြည်ရဲ့ အနုပညာကြေးအများဆုံး မင်းသမီးတွေထဲက တစ်ဦးဖြစ်တဲ့ အကယ်ဒမီ သက်မွန်မြင့်

သက်မွန်မြင့် ကိုတော့ အဖ ဦးမြင့်ဦး၊ အမိ ‌ဒေါ်မြိုင်တို့မှ ၁၉၈၂ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်မှာမွေးဖွားခဲ့ပါတယ် ။ ချင်းလူမျိုးဖြစ်ပြီး

ဇာတိကတော့ ဖလမ်းမြို့ဖြစ်ပါတယ်။ အတန်းပညာကိုတော့ ချင်းပြည်နယ်မှာရှိတဲ့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊

ဖလမ်းမြို့မှာ တက်ရောက်ခဲ့ပါတယ်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးနောက်ပိုင်းမှာတော့ ရန်ကုန်စီးပွားရေးမှာ ဆက်လက်ပညာသင်ကြားခဲ့ပါတယ် ။

၂၀၀၀ ပြည့်နှစ်အစောပိုင်းကတည်းက နာမည်ကျော်တေးသံရှင်တွေရဲ့ Music Video တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး

အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပါတယ် ။ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အတွင်းမှာတော့ TV ကြော်ငြာတော်တော်များများမှာ

ပါဝင်လာခဲ့ပြီး သူမရဲ့အပြစ်ကင်းတဲ့ သရုပ်ဆောင်မှုလေးတွကြောင့် ကြော်ငြာမင်းသမီးတစ်ယောက်အဖြစ် နာမည်ရလာခဲ့ပါတယ် ။

အဲ့ဒီနောက်မှာတော့ ရုပ်ရှင်နဲ့ဗီဒီယို ကားတွေမှာ ပါဝင်လာခဲ့ပြီး ၂၀၀၆ ခုနှစ်အတွင်း ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊

လွမ်းအောင်ရယ်တတ်သူ စတဲ့ ရုပ်ရှင်ကားကြီးတွေမှာ ပါဝင်ရိုက်ကူးခဲ့ပါတယ်။ သရုပ်ဆောင်လောကထဲကို စတင်ဝင်ရောက်ခဲ့ချိန်မှာ

တိုင်းရင်းသူ ဖြစ်တဲ့အတွက်ကြောင့် ဘာသာစကား အခက်အခဲ ရှိခဲ့တယ်လို့ သိရပါတယ် ။ ၂၀၀၆ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အတွင်း

ရုပ်ရှင်နဲ့ ဗီဒီယိုကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို နှစ်ကြိမ် ရရှိခဲ့ပါတယ်။ အာဒံရယ် ဧဝရယ် ဒဿရယ်(၂၀၁၂)၊

ချစ်လှစွာသော အမုန်း(၂၀၁၆) စတဲ့ ဇာတ်ကားတွေနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု နှစ်ဆု ရရှိခဲ့တာပဲဖြစ်ပါတယ်။

သူမဟာ ၂၀၁၄ ခုနှစ်မှာတော့ ကိုစစ်နိုင်နဲ့ လက်ထပ်ခဲ့ပြီး အားချစ်လို့ခေါ်တဲ့ သားတစ်ယောက်နဲ့ လဝန်းမေ ဆိုတဲ့ သမီးတစ်ယောက် ရှိပါတယ် ။

လက်ရှိအချိန်မှာတော့ သူဟာ မြန်မာနိုင်ငံရဲ့ အကျော်ကြားဆုံး မင်းသမီးတွေထဲက တစ်ဦးအဖြစ် ရပ်တည်လျှက်ရှိပါတယ် ။

ဒါ့အပြင် သူမဟာ မြန်မာနိုင်ငံရဲ့ အနုပညာကြေးအများဆုံး မင်းသမီးတွေထဲက တစ်ဦးအပါအဝင်လည်းဖြစ်ပါတယ် ။

Zawgyi

ျမန္မာျပည္ရဲ႕ အႏုပညာေၾကးအမ်ားဆုံး မင္းသမီးေတြထဲက တစ္ဦးျဖစ္တဲ့ အကယ္ဒမီ သက္မြန္ျမင့္

သက္မြန္ျမင့္ ကိုေတာ့ အဖ ဦးျမင့္ဦး၊ အမိ ‌ေဒၚၿမိဳင္တို႔မွ ၁၉၈၂ ခုႏွစ္၊ ဇူလိုင္လ ၂၃ ရက္မွာေမြးဖြားခဲ့ပါတယ္ ။ ခ်င္းလူမ်ိဳးျဖစ္ၿပီး

ဇာတိကေတာ့ ဖလမ္းၿမိဳ႕ျဖစ္ပါတယ္။ အတန္းပညာကိုေတာ့ ခ်င္းျပည္နယ္မွာရွိတဲ့ အမွတ္(၁) အေျခခံပညာ အထက္တန္းေက်ာင္း၊

ဖလမ္းၿမိဳ႕မွာ တက္ေရာက္ခဲ့ပါတယ္။ တကၠသိုလ္ဝင္တန္းေအာင္ျမင္ၿပီးေနာက္ပိုင္းမွာေတာ့ ရန္ကုန္စီးပြားေရးမွာ ဆက္လက္ပညာသင္ၾကားခဲ့ပါတယ္ ။

၂၀၀၀ ျပည့္ႏွစ္အေစာပိုင္းကတည္းက နာမည္ေက်ာ္ေတးသံရွင္ေတြရဲ႕ Music Video ေတြမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး

အႏုပညာေလာကထဲကို စတင္ဝင္ေရာက္ခဲ့ပါတယ္ ။ ၂၀၀၃ ခုႏွစ္ကေန ၂၀၀၅ ခုႏွစ္အတြင္းမွာေတာ့ TV ေၾကာ္ျငာေတာ္ေတာ္မ်ားမ်ားမွာ

ပါဝင္လာခဲ့ၿပီး သူမရဲ႕အျပစ္ကင္းတဲ့ သ႐ုပ္ေဆာင္မႈေလးတြေၾကာင့္ ေၾကာ္ျငာမင္းသမီးတစ္ေယာက္အျဖစ္ နာမည္ရလာခဲ့ပါတယ္ ။

အဲ့ဒီေနာက္မွာေတာ့ ႐ုပ္ရွင္နဲ႔ဗီဒီယို ကားေတြမွာ ပါဝင္လာခဲ့ၿပီး ၂၀၀၆ ခုႏွစ္အတြင္း ဂုဏ္ရွိန္ျပင္းတဲ့ ခ်စ္ျခင္းသိကၡာ၊

လြမ္းေအာင္ရယ္တတ္သူ စတဲ့ ႐ုပ္ရွင္ကားႀကီးေတြမွာ ပါဝင္႐ိုက္ကူးခဲ့ပါတယ္။ သ႐ုပ္ေဆာင္ေလာကထဲကို စတင္ဝင္ေရာက္ခဲ့ခ်ိန္မွာ

တိုင္းရင္းသူ ျဖစ္တဲ့အတြက္ေၾကာင့္ ဘာသာစကား အခက္အခဲ ရွိခဲ့တယ္လို႔ သိရပါတယ္ ။ ၂၀၀၆ ခုႏွစ္ကေန ၂၀၂၀ ခုႏွစ္အတြင္း

႐ုပ္ရွင္နဲ႔ ဗီဒီယိုကားေပါင္းမ်ားစြာကို ႐ိုက္ကူးခဲ့ၿပီး ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုကို ႏွစ္ႀကိမ္ ရရွိခဲ့ပါတယ္။ အာဒံရယ္ ဧဝရယ္ ဒႆရယ္(၂၀၁၂)၊

ခ်စ္လွစြာေသာ အမုန္း(၂၀၁၆) စတဲ့ ဇာတ္ကားေတြနဲ႔ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆု ႏွစ္ဆု ရရွိခဲ့တာပဲျဖစ္ပါတယ္။

သူမဟာ ၂၀၁၄ ခုႏွစ္မွာေတာ့ ကိုစစ္ႏိုင္နဲ႔ လက္ထပ္ခဲ့ၿပီး အားခ်စ္လို႔ေခၚတဲ့ သားတစ္ေယာက္နဲ႔ လဝန္းေမ ဆိုတဲ့ သမီးတစ္ေယာက္ ရွိပါတယ္ ။

လက္ရွိအခ်ိန္မွာေတာ့ သူဟာ ျမန္မာႏိုင္ငံရဲ႕ အေက်ာ္ၾကားဆုံး မင္းသမီးေတြထဲက တစ္ဦးအျဖစ္ ရပ္တည္လွ်က္ရွိပါတယ္ ။

ဒါ့အျပင္ သူမဟာ ျမန္မာႏိုင္ငံရဲ႕ အႏုပညာေၾကးအမ်ားဆုံး မင္းသမီးေတြထဲက တစ္ဦးအပါအဝင္လည္းျဖစ္ပါတယ္ ။

mdatenews

mdatenews