မိသားစု စားဝတ်နေရေးကြောင့် အလုပ်တွေကတော့ ဆက်လုပ်သွားဖို့ရှိတယ်ဆိုပြီး မင်းမော်ကွန်းကို ပြန်လည်ပြောဆိုလာတဲ့ ခင်လှိုင် ရဲ့ သမီးလေး သဇင်ထူးမြင့်

မိသားစု စားဝတ်နေရေးကြောင့် အလုပ်တွေကတော့ ဆက်လုပ်သွားဖို့ရှိတယ်ဆိုပြီး မင်းမော်ကွန်းကို ပြန်လည်ပြောဆိုလာတဲ့ ခင်လှိုင် ရဲ့ သမီးလေး သဇင်ထူးမြင့်

ပရိသတ်ကြီးရေ ဟာသသရုပ်ဆောင် လူရွှင်တော် ခင်လှိုင်ရဲ့ သမီးထွေးလေး သဇင်ထူးမြင့် ကတော့ရုပ်ရည်ချောမောသူလဲဖြစ် ပရဟိတစိတ်ရှိတဲ့အနုပညာရှင်တစ်ယောက် ဖြစ်တာကြောင့်

ပရိသတ်တွေချစ်ခင်အားပေးနေရတဲ့ သူတစ်ယောက်လဲဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် အနုပညာရှင်တွေအားလုံးနီးပါးဟာ

ရုပ်ရှင်ရိုက်ကူးတဲ့လုပ်ငန်းတွေကို ရပ်နားထားတာပါ။ စစ်ကောင်စီ ရဲ့ အုပ်ချုပ်မှု့စနစ်ကို အနုပညာရှင်တွေကလဲ ပါဝင်သပိတ်မှောက်ခဲ့ကြပါတယ်။ဒါပေမယ့်လဲ ၂ နှစ်နီးပါးကြာပြီးနောက်

ဝင်ငွေမရှိတော့တာကြောင့် အချို့အနုပညာရှင်တွေဟာ ရရာလုပ်ငန်းတွေနဲ့ စီးပွားရေးအတွက် ရုန်းကန်လာကြပါတယ်။ ဒီလိုရုန်းကန်ကြတဲ့နေရာမှာ အလွန်အကျူးမဖြစ်စေဘဲ

ပြည်သူ့မေတ္တာကို ကြည့်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် မင်းသား မင်းမော်ကွန်း ဟာ လူရွှင်တော်ကြီး ခင်လှိုင် ကို Live sale တွေ ရောင်းချနေတဲ့အပေါ် သတိပေးခဲ့ပါတယ်။

မင်းမော်ကွန်း ရဲ့ သတိပေးချက်ကို ခင်လှိုင် ရဲ့ သမီးဖြစ်သူ သဇင်ထူးမြင့်က အခုလိုပဲ ချေပခဲ့ပါတယ်။ ” လေးစားရပါသောအကိုကျော်ကျော်ဌေးလွင်ရှင် စကားအမှားပါသွားခဲ့ရင်

ကြိုတောင်းပန်ပါတယ် ညီမအကောင့်ကနေ အကို့ကို တစ်ခါမှမblockခဲ့ဖူးပါဘူး အကို့ဘက်ကပဲ ညီမကို blockထားတဲ့အတွက် ဒီစာလေးကို တစ်ဆင့်ပြပေးပါရှင့်

ညီမတို့မျက်ရည်ခံထိုးနေခြင်းမဟုတ်ပါ ညီမတို့ အားလုံးအတူတူရှိခဲ့ကြသည်မှန်ပါသည် …တခါလေးမှအပေါ်ယံစိတ်နဲ့မလုပ်ခဲ့ဖူးပါ ဒုက္ခများစွာလည်းရင်ဆိူင်ခဲ့ရပါတယ်

အဆုံးထိစွန့်လွှတ်ခဲ့တဲ့သူတွေနဲ့ယှဉ်ပြီးမပြောပလောက်ပေမယ့် တစ်မိသားစုလုံးရောက်ခဲ့တဲ့ဒုက္ခတိုင်းကို အနားကသူတွေအသိကြဆုံးပါ ညီမတို့အလုပ်တွေကို တစ်နှစ်လုံးနားခဲ့တာပါ

ဘာဝင်ငွေမှမရှိပဲနေခဲ့တာပါ မေမေ့ကျန်းမာရေးအောက်ပိုင်းသေမလိုထိဖြစ်တဲ့ချိန်မှာ ညီမပိုက်ဆံအရမ်းလိုလို့ကြော်ငြာလေးပြန်စရိုက်ပါတယ် ပြီးတော့မေမေသက်သာချိန်မှာ

ဖေဖေဆီးကျောက်တည်တာကနေ သွေးအန်တဲ့ထိဖြစ်လို့ မနည်းပြန်ကုထားရတာပါ ရောဂါတွေတခုပြီးတခုဖြစ်ကြချိန် ဝင်ငွေအရမ်းလိုအပ်ပါတယ်ဒါတွေအနားကလူတွေသာအသိဆုံးပါ

ညီမတို့ကို အချမ်းသာဆုံး လူရွှင်တော်လို့ပြောတဲ့တိုင်းလေး တကယ်ဖြစ်ချင်ပါတယ် ဒီလိုအကုန်ခက်ခဲနေတဲ့ကာလမှာ ဘယ်လိုလူမျိုးမို့လို့ ဘာအလုပ်မှမလုပ်ပဲထိုင်စားနိုင်မှာလဲ ရှင့် ???

ညီမတို့လည်း သာမန်ပြည်သူထဲက ပြည်သူတွေပါ ဒုက္ခတွေဆိုတာလူတိုင်းမှာရှိပါတယ် ဖေဖေလည်းအများနည်းတူမိသားစုအတွက်ရိုးရိုးသားသားliveစျေးရောင်းတာပါ

ပျော်ရွှင်နေတဲ့ဘဝကို liveကြီးလွှင့်ပြီးချပြနေတာမဟုတ်ပါဘူးရှင့် မနေ့ကလည်း ဖေဖေ အကို့ကို မblockခဲ့ပါဘူးရှင် စဖြစ်ဖြစ်ချင်းliveရပ်ခဲ့ပါတယ် ဖေဖေစိတ်မကောင်းမှာစိုးလို့ ….

စာတွေမဖတ်မိအောင် Facebook messenger တွေ ညီမကိုယ်တိုင်app ကိုဖျက်ထားပေးတာပါ မblockတာကို ညီမတို့အသိဆုံးပါ စီးပွါးရေးလို့ ကြီးကြီးကျယ်ကျယ်ပြောလို့ရအောင်

ထိ ဝင်ငွေများရှိခဲ့ရင် ဘာတစ်ခုမှအလုပ်မလုပ်တော့ပဲတကယ်နေချင်ပါတယ် မိသားစုစားဝတ်နေရေးတွက်အလုပ်လေးတော့လုပ်ပါရစေရှင့်မိသားစုမှာဖြစ်ပေါ်နေတဲ့ချပြလို့မရတဲ့

အခက်ခဲတွေ ဝန်ထုပ်ဝန်ပိုးတွေကို အဆင်ပြေသလိုလေး ကြိုးစားဖြေရှင်းနေရတာပါအခုလိုအခက်ခဲတွေ အကြပ်တည်းတွေရင်ဆိုင်နေရချိန်မှာ မန်းလေးမှာရှိတဲ့ အဒေါ်မိသားစုက

ကူညီစောင့်ရှောက်ပေးခဲ့တဲ့ကျေးဇူးကြောင့် သာ ညီမတို့မိသားစုလေးဟန်မပျက် နေနိုင်ခဲ့တာပါ အဲ့ဒီကျေးဇူးတွေကြောင့် အဒေါ်မိသားစုပိုင်ဆိုင်တဲ့ ဆိုင်လေးကို တတ်နိုင်တဲ့

အနုပညာလေးနဲ့ ညီမတို့ ဝိုင်းဝန်းကြော်ညာပေးခဲ့တယ်ညီမတို့ကို အားပေးခဲ့တဲ့သူ တွေကြောင့်သာ ယခုအခြေနေလေးရောက်ခဲ့တာပါ လက်ရှိအခြေနေမှာ ညီမတ်ို့မိသားစုလုပ်ရပ်က

ပစ်တင်ရှုတ်ချစရာဖြစ်နေခဲ့ရင်လည်း ကျေနပ်စွာလက်ခံပါ့မယ် အမှားများပါခဲ့ရင်လည်း ထပ်ပြီးတောင်းပန်ပါတယ် မိသားစုအခက်အခဲနဲ့ စားဝတ်နေရေးများကြောင့်အလုပ်လေးတော့

ဆက်လုပ်သွားမှာမို့ လေးစားချစ်ခင်စွာလေးအသိပေးပါရစေရှင့် ချစ်ခင်လေးစားလျက်ပါ အကိုရေစိတ်ကျန်းမာ ကိုယ်ချမ်းသာပြီး အစစအရာရာအဆင်ပြေချော့မွေ့ပါစေအကို”လို့ ရေးသားထားတာ တွေ့ရပါတယ်

။mdatenews

mdatenews