တောထဲမှာ ငှက်ဖျားရောဂါ ဖြစ်မှာ စိုးရိမ်နေတဲ့ ပြည်သူ့အချစ်တော် ဒါရိုက်တာ ကိုပေါက်
တောထဲမှာ ငှက်ဖျားရောဂါ ဖြစ်မှာ စိုးရိမ်နေတဲ့ ပြည်သူ့အချစ်တော် ဒါရိုက်တာ ကိုပေါက်
ပရိသတ်ကြီးရေ ဒါရိုက်တာ ကိုပေါက် ကတော့ ပရိသတ်တွေနဲ့မစိမ်းတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ လူတိုင်းကချစ်ခင်ကြရတဲ့ ကိုပေါက်ကြီးကတော့ ဇာတ်ကားတွေမှာ
ကျရာဇာတ်ရုပ်ကို အကောင်းဆုံး အပိုင်နိုင်ဆုံး သရုပ်ဆောင်နိုင်တဲ့အပြင် ဇာတ်ကားတွေကိုလဲ ဖန်တီးရိုက်ကူးနိုင်တဲ့ ဒါရိုက်တာ တစ်ဦးလဲဖြစ်တာကြောင့် ပရိသတ်ချစ်ခင်အားပေးမှု့များစွာကို
ရရှိထားသူကြီးတစ်ဦးလဲဖြစ်ပါတယ်နေ ာ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သတ်ပြီး အမှန်တရားကိုချစ်မြတ်နိုးသူပီပီ ပြည်သူတွေဘက်နေ ပြတ်ပြတ်သားသားရပ်တည်ခဲ့တဲ့
အနုပညာရှင်တစ်ဦးလဲဖြစ်ပါတယ် ။ ဒီလိုစိတ်ဓာတ်ပြတ်သားတဲ့ ကိုပေါက်ကိုတော့ ပြည်သူတွေအားလုံးက ပိုမိုချစ်ခင်ကြရပြန်ပါတယ်။ ဒါရိုက်တာ ကိုပေါက်
ဟာပုဒ်မ ၅၀၅ က နဲ့တရားစွဲဆိုခံထားရတာကြောင့် မိသားစုနဲ့ခွဲခွာပြီးတော့ ခက်ခဲကြမ်းတမ်းတဲ့လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေကို
ရောက်ရှိနေတဲ့ ကိုပေါက် က ကျရာတာဝန်ကို အကောင်းဆုံးထမ်းဆောင်နေပြီး ရံဖန်ရံခါ အတူနေရဲဘော်တွေအတွက် ဟင်းချက်ကျွေးတတ်ပါသေးတယ်နော် ။ အနုပညာကို
ဘက်စုံတော်တဲ့ ကိုပေါက် ဟာ အမှန်တရားဘက်တော်သား ညီအစ်ကိုတွေအတွက် ပုံတူပန်းချီလေးတွေကိုလဲဆွဲပေးတတ်ပြီးတော့ နိုင်ငံရေးသီချင်းလေးတွေကိုလဲ
ရေးစပ်ပေးတတ်ပါသေးတယ်။ လက်ရှိမှာ ကိုပေါက် ရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သတ်ပြီး ” တုပ်ကွေးလောက်ပဲ လာပါ။ ငှက်ဖျားတော့ မလုပ်ပါနဲ့။ ပုံ မနေ့ကဖြစ်သည်။ ” ဆိုပြီး
သူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ မနေ့ကရိုက်ခဲ့တဲ့ ဓာတ်ပုံလေးနဲ့အတူ ပရိသတ်ကြီးအတွက် ရေးသားမျှဝေထားတဲ့ သတင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။
ပရိသတ်ကြီးရေ … ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ‌ရောက်ရှိနေပြီး တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်နေတဲ့ သရုပ်ဆောင် ဒါရိုက်တာ ကိုပေါက် ရဲ့ကျန်းမာရေး
အမြန်ဆုံးပြန်လည်နေကောင်းပါစေလို့ ဆုတောင်းစကားလေးတွေကို ကောမန့်မှာရေးသားသွားခဲ့ပါအုန်းနော်။ အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင် ။
Zawgyi
mdatenews
mdatenews