နာမည်ကြီး မင်းသမီးတစ်ယောက်က မျက်နှာကို တံတွေးနဲ့ ထွေးတာခံရဖူးတဲ့ လူကြမ်းသရုပ်ဆောင်ကြီး စိုင်းအောင်တင့်
နာမည်ကြီး မင်းသမီးတစ်ယောက်က မျက်နှာကို တံတွေးနဲ့ ထွေးတာခံရဖူးတဲ့ လူကြမ်းသရုပ်ဆောင်ကြီး စိုင်းအောင်တင့်
ပရိသတ်ကြီးရေ ၁၉၆၉ ခုနှစ်ကတည်းက အနုပညာလောကကို ဝင်ရောက်ခဲ့တဲ့ လူကြမ်းသရုပ်ဆောင် စိုင်းအောင်တင့် ကို မှတ်မိကြသေးလား။ မိန်းကလေး များက
ရွံ့မုန်းကြပြီး အမျိုးသမီးကြီး များကတော့ အမြင်ကတ်ကြပါတယ်။ ယောကျာ်းလေးများ အချင်းချင်းတောင် သူနဲ့ခိုင်းနှိုင်း စနောက်ကြပါက ခါးခါးသီးသီး
စိတ်ဆိုးတတ်ကြပါတယ်။ အကြောင်းရင်းကတော့ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ အဆီတဝင်းဝင်း မျက်နှာထားနဲ့ ဗီလိန်အိုက်တင်၊မုဒိန်းကောင်အိုက်တင်တွေကို
အများဆုံးသရုပ်ဆောင်ရတာကြောင့်ပဲ ဖြစ်ပါတယ်။ လူကြမ်းမင်းသား စိုင်းအောင်တင့်က ရုပ်ရှင်တော်တော်များများ ပါသလို လူကြမ်းမင်းသားဆိုတာနဲ့
ဦးစိုင်းကိုပြေးမြင်တဲ့အထိ ပရိသတ်တွေကြားထဲ နာမည်ရှိခဲ့တဲ့သူတစ်ဦးပါပဲနော်။ လူကြမ်းမင်းသားတစ်ဦးဖြစ်တဲ့အတက် လူတွေက လန့်ကြတဲ့အပြင်
တချို့ မင်းသမီး အသစ်လေးတွေဆို ရိုက်ကွင်းကနေပါ လန့်ပြီး ပြန်တတ်ကြတယ်လို့ဆိုပါတယ်။ ဦးစိုင်းက သူ့အနုပညာ လမ်းကြောင်းမှာတွေ့ခဲ့ရသမျှ
အတွေ့အကြုံတွေကို ” ခါတိုင်းလို ဦးစိုင်းတို့ ကာရိုက်တာအရ ရိုက်မယ်ပေါ့နော်..‌ ဒါရိုက်တာချစ်ကောင်းက ကောင်မလေးကိုပြောလိုက်တော့
ကောင်မလေးက ဦးစိုင်းမျက်နှာကိုကြည့်ပြီး မျက်ရည်တောင်ကျတယ်..ကြောက်လို့တဲ့” ဟုဆိုကာသူ့အ‌တွေ့အကြုံတွေကိုပြောပြသွားပါတယ်။
ဆက်ပြီးတော့ ဦးစိုင်းက သူ အူဝဲနဲ့ ကြုံခဲ့ရတဲ့အဖြစ်တစ်ခုကိုလည်း ” အူဝဲနဲ့ဆုံတာ .. အူဝဲအခန်းက ဦးစိုင်းကိုအရမ်းအမြင်ကတ်သွားပြီးတော့
တံတွေးနဲ့ထွေးရမှာ .. အဲ့တာအူဝဲကမလုပ်ဘူး ..ဟဲ့ အူဝဲ သမီးလုပ်မှ ကြည့်တဲ့ပရိသတ်ကပိုမြင်မှာပေါ့” လို့ ဇာတ်ဝင်ခန်းတစ်ခုမှာအူဝဲကို တိုက်တွန်းခဲ့ရတဲ့
အကြောင်းပြောပြသွားတာပါ။ ပရိသတ်ကြီးရော ဦးစိုင်းအောင်တင့် ပါဝင်ထားတဲ့ ဇာတ်ကားလေးတွေကို သဘောကျနှစ်ခြိုက်ရဲ့လား၊ ဦးစိုင်း ကိုဆက်လက်အားပေးကြပါအုန်းနော်။ ဦးစိုင်းကိုပြောချင်တဲ့ ရင်ထဲကစကားလေးတွေရှိရင် မှတ်ချက်မှာပြောခဲ့ကြပါဦး။
Zawgyi
mdatenews