ပရိတ်သတ်ကြီးရေ…ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသားချောနေတိုးဟာဆိုရင်
ပီပြင်ပိုင်နိုင်တဲ့သရုပ်ဆောင် ချက်တွေနဲချောမောခန့်ညာလွန်းတဲ့ ရုပ်ရည်အသွင်အပြင်ကြောင့်
ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအပြည့်အဝ အခိုင်အမာရရှိထားတဲ့
ထပ်ဆင့်အကယ်ဒမီမင်းသားပဲဖြစ်ပါတယ်နော်။နေတိုးကတော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူအမှန်
တရားဘက်ကပါဝင်ပြီးလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာအားတက်သရောပါဝင် ခဲ့ပါတယ်၊
နောက်ပိုင်းဆိုရင်လည်း အကြောင်းအမျိုးမျိုးကြောင့် လူထုလှုပ်ရှားမှုမှာမပါဝင်နိုင်ပေမယ့်လဲနေတိုးက
တတ်နိုင်တဲ့ဘက်ကနေအလှူအတန်းတွေပြုလုပ်ပေးနေပါတယ်ယခုလက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့
ကိုဗစ်ရောဂါကပ်ဆိုးကြီးနဲ့ပတ်သတ်ပြီးတော့နေရာတော်တော်များများတွေမှာကူးစက်ပျံ့ပွားမှုတွေဟာ
တစ်နေ့ထက်တစ်နေ့များပြားလျက် ရှိနေပါတယ်။
အောက်ဆီဂျင်မလုံလောက်မှုကြောင့်အသက်မဆုံးရှုံးသင့်ပဲဆုံးရှုံးရတဲ့ပြည်သူများလဲများပြားလာပါတယ်၊
ပရဟတိအသင်းသားများကလဲအလှူရှင်များထံအလှူငွေတွေကောက်ခံပြီးလိုအပ်နေတဲ့
အောက်ဆီဂျင်ရရှိဖို့အတွက်ကြိုးစားပေးနေကြပါတယ်။ယခုတစ်ခါဆိုရင်လဲနေတိုးကညီလေးမင်းသွေ
းအတွက်ရည်စူးပြီးအောင်ဆီဂျင်ဝယ်ယူရန်အတွက်အလှူငွေကျပ်သိန်း၂၀ကို
မိသားစုနဲ့ပူးပေါင်းပြီးလှူဒါန်းခဲ့ပါတယ်၊ကိုနေတိုးလဲဒီထက်မကလှူဒါန်းနိုင်ပြီး
ပြည်သူများလဲကပ်ဘေးဆိုးကနေအမြန်ဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
ဖတ်ရှုပေးတဲ့ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကိုအထူးပဲ ကေျးဇူးတင်ရှိပါတယ်..mdatenews
mdatenews