စကစရဲ့ အကြီးစားအမာခံဒေါက်တိုင်တွေရဲ့ စာရင်းကို ချပြလိုက်တဲ့ မင်းသား မင်းမော်ကွန်း
မင်းသား မင်းမော်ကွန်း ကတော့ တစ်ခေတ်တခါထဲက အောင်မြင်ကျော်ကြား လူကြိုက်များ အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ နုပျိုလွန်းတာကြောင့် ”
သွားသေးသေးလေးနဲ့ ကိုကြာနု” လို့ တောင် ပရိသတ်တွေက ချစ်စနိုးခေါ်ဝေါ်ကြပါသေးတယ်။ မင်းမော်ကွန်း ဟာ “နှလုံးလှ လူမိုက်” ကားနဲ့အမျိုးသားဇာတ်ဆောင်ဆုကို
ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပါတယ်။ သူကတော့ အနုပညာမှာ ဘက်စုံတော်တဲ့အပြင် စိတ်ဓာတ်ပိုင်းမှာလဲ ပြောစရာမရှိအောင် တော်လွန်းသူပဲ ဖြစ်ပါတယ်။
မင်းသား မင်းမော်ကွန်း ကတော့ စကစရဲ့အမာခံဒေါက်တိုင်များစာရင်းကို ပြည်သူတွေသိအောင် အခုလိုပဲ ပြောပြခဲ့ပါတယ်။ တပည့် ညိုစော နဲ့ မင်းအောင်လှိုင်
မြေးဖိုးလပြည့် နဲ့ သန်းရွှေ — BOC ဥက္ကဌ အောင်ရွှေ နဲ့ CEO ဝင်းဆွေ — နအဖ ခေတ်မှ မအလ ခေတ်အထိ စစ်အာဏာရှင်တွေရဲ့ လက်မည်းကြီး
KBZ အောင်ကိုဝင်း —တပည့် သူရရွှေမန်း နဲ့ သန်းရွှေ — သား အောင်ပြည့်စုံ နဲ့ ကြူကြူလှ —စစ်ကောင်စီ ရဲ့ ဒေါက်တိုင်တွေရဲ့အကြောင်းကို
အနည်းငယ်ရှင်းလင်းပြရရင်တော့ စက်သုံးဆီလုပ်ငန်းနဲ့ ပတ်သက်ပြီး အများဆုံး လုပ်ကိုင်ခွင့်ရခဲ့တဲ မြတ်မေတ္တာမွန် ကုမ္ပဏီကို ဒေါက်တာဝင်းမြင့်က ပိုင်ဆိုင်တာပါ။
ဒါပေမဲ့ နောက်ကွယ်ကနေ ဦးသန်းရွှေရဲ့ မြေး ဖိုးလပြည့်က အကျိုးတူ ပါဝင်နေတာပါ။ ဒေါက်တာဝင်းမြင့် ရဲ့ သားဖြစ်သူနဲ့ အာဏာရှင်ကြီးရဲ့ မြေးဖြစ်သူ
ဖိုးလပြည့် ဟာ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ကြလို့ပါ။ ဒါအပြင် အာဏာရှင် ဦးသန်းရွှေ ရဲ့ တပည့်ရင်းဖြစ်သူ ဦးရွှေမန်းရဲ့သား ဦးအောင်သက်မန်း ပါဝင်ပါတယ်။
ထို့နောက် အစဉ်အတိုင်းကြည့်ရင် ဦးတေဇ၊ ဧဒင်အုပ်စု ဦးချစ်ခိုင် နဲ့ ကမ္ဘောဇဘဏ်အုပ်စု ဦးအောင်ကိုဝင်းရဲ့ နီလာရိုးမ တို့ကို မြင်တွေ့ရမှာပါ။
ထူးခြားတာကတော့ ကြံ့ခိုင်ရေးပါတီကိုပါ ရံပုံငွေအတွက် အခြားအမည်ခံပြီး New Day ဆီဆိုင်တွေကို ဖန်တီးပေးခဲ့ပါတယ်။ ကိုယ်ကျိုးစီးပွားဦးစားပေးလွန်းတာကြောင့်
မအောင်မြင်ဘဲ ဝန်ထမ်းစရိတ်ရှုံးတဲ့အတွက် နောက်ပိုင်းမှာ ကြံ့ခိုင်ရေးက အခြားကို ပြန်ရောင်းစားလိုက်တယ်လို့လည်း သိရပါတယ်။ ဒါကိုကြည့်ရင်
ဦးသန်းရွှေဟာ သူ့ရဲ့ အရင်းနှီးဆုံး၊ အယုံကြည်ရဆုံး ဖြစ်ပြီး ဘယ်တော့မှ သစ္စာမဖောက်မယ့် ဒေါက်တိုင်တွေကိုသာ စနစ်တကျ ရွေးချယ်ပြီး စက်သုံးဆီလုပ်ငန်းကို
ပေးအပ်ခဲ့တာ အထင်အရှား တွေ့ရမှာပါ။ အခုလည်း မင်းအောင်လှိုင်က ရုရှကနေ စက်သုံးဆီတင်သွင်းခွင့်ပြုတဲ့ ကုမ္ပဏီတွေကို ကြည့်ရင်လည်း
ယခင်အာဏာရှင်တွေအတိုင်း ခြေရာတထပ်တည်း နင်းထားတာကိုတွေ့ရမှာပါ။ ဦးသန်းရွှေဟာ သူ့မြေး နဲ့ ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းကို ပေးခဲ့သလို
မင်းအောင်လှိုင်က သူ့သား နဲ့ ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း ကို ပေးပါတယ်။ ဦးသန်းရွှေက သူ့တပည့် သူရရွှေမန်းကို ပေးခဲ့သလို မင်းအောင်လှိုင်ဟာလည်း
သူ့တပည့် ဖြစ်သူ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း MEC ဥက္ကဋ္ဌ ညိုစောကို ကော်မတီ ဥက္ကဋ္ဌ ပေးပါတယ်။ အဲဒီနောက်မှာတွေ့ရတဲ့ စစ်တပ်ပိုင်
Star Hight ကုမ္ပဏီနဲ့ ပြင်ပ BOC, PT Power ကုမ္ပဏီ တို့ကိုလည်း မင်းအောင်လှိုင် ရဲ့ အရင်းနှီးဆုံး စိတ်အချရဆုံး ဒေါက်တိုင်တွေအဖြစ် နားလည်
သဘောပေါက်ရမှာပဲ ဖြစ်ပါတယ် ။ မင်းအောင်လှိုင်ဟာ ဦးသန်းရွှေ နည်းအဟောင်းကိုလည်း လက်မလွှတ်နိုင်ဘဲ ရံဖန်ရံခါ သုံးနေတာလည်း တွေ့ရပါတယ်နေ ာ်။ ဖတ်ရှုပေးတဲ့ပရိတ်သတ်တစ်ယောက်စီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နော် …mdatenews
mdatenews