တော်လှန်ရေးထက် အရေးကြီးနေတဲ့ မန်ယူ Fan တွေကို ပြောဆိုဆုံးမလိုက်တဲ့ လူရွှင်တော် ပြည်ကျော်
ပရိသတ်ကြီးရေ ပြည်သူတွေကို ရယ်မောပျော်ရွှင်အောင် ပျက်လုံးတွေနဲ့ တင်ဆက်နေတဲ့ ဟားငါးကောင်အငြိမ့်အဖွဲ့ကိုတော့ လူတိုင်းသိကြလိမ့်မယ် ထင်ပါတယ်။ ဟားငါးကောင်အဖွဲ့ ဟာဆိုရင်တော့
အာဏာစသိမ်းတဲ့အချိန်ကစပြီး အမှန်တရားအတွက် ပြည်သူတွေနဲ့အတူ အစောဆုံးရပ်တည်ခဲ့တဲ့ အဖွဲ့ပဲဖြစ်ပါတယ်။ ဟားငါးကောင်အဖွဲ့ကို တိုင်းကျော်၊ပြည်ကျော်၊ဝိုင်းကျော်၊ပိုးလေး၊တိုးကျော်
အစရှိတဲ့အဖွဲ့ဝင်ငါးယောက်နဲ့ ဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ် ။ အမှန်တရားဘက်တော်သားတွေဖြစ်ကြတဲ့ သူတို့ငါးဦးဟာ တတ်ညီလက်ညီနဲ့ အာဏာရှင်ကိုတွန်းလှန်ဖို့ လွတ်မြောက်နယ်မြေကို
ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဟားငါးကောင် လူရွှင်တော် ပြည်ကျော် ဟာ လူမှု့ကွန်ယက်ပေါ်မှတစ်ဆင့် ပြည်သူတွေ သွေးမအေးစေဖို့ တိုက်တွန်းနှိုးဆော်နေတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။
အခုတစ်ခါမှာလဲ တော်လှန်ရေးနဲ့ပတ်သက်တဲ့ သတင်းတွေကို ဖုံးလွှမ်းသွားစေနိုင်တဲ့ မန်ယူ Fan တွေရဲ့ကိစ္စနဲ့ပတ်သက်ပြီး ” တော်လှန်ရေးထက်အရေးကြီးတဲ့မန်ယူ Fanတွေလည်း
ကျွန်တော်မပြောချင်တော့ဘူးဗျာ…သတင်းတွေမဖုံးစမ်းပါနဲ့ဗျာ… မန်ယူရှုံးတာကျွန်တော်တို့နဲ့ဆိုင်လား…”လို့ လူရွှင်တော် ပြည်ကျော် ဟာ အွန်လိုင်းပေါ်မှာ မန်ယူရှုံးတာနဲ့ပတ်သက်ပြီး
ဂယက်ထနေတဲ့ ပြည်သူတွေကို အခုလိုပဲပြောဆိုဆုံးမခဲ့တာ ဖြစ်ပါတယ် ။အဆုံးထိ ဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ် ။
Zawgyi
mdatenews
mdatenews