သူမဘာလုပ်လုပ် အပြစ်တင်ဝေဖန်နေသူတွေအား မကျေနပ်ဖြစ်ကာ ပေါက်ကွဲနေတဲ့ ခြူးလေး

 

ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ပရိသတ်တွေ ရင်ထဲကို ရောက်ရှိလာတဲ့ သူလေး ကတော့ သရုပ်ဆောင် မင်းသမီး ခြူးလေး ပဲဖြစ်ပါတယ်။ခြူးလေးဟာ MRTV-4 ဇာတ်လမ်းတွဲ တွေကနေ တစ်ဆင့် လူသိများလာတာ ဖြစ်ပြီးကျရာ ဇာတ်ကောင်ကို အကောင်းဆုံး ပီပြင်အောင်သရုပ်ဆောင် တွေ ကြောင့်

 

 

ပရိသတ်တွေ ရဲ့ချစ်ခင် အားပေးမှုကို အခိုင် အမာ ရရှိလာတဲ့ အနုပညာရှင် တစ်လက် ဖြစ်ပါတယ်။သူမကတော့ ဟန်ဆောင်မှုကင်းပြီး ပျော်ပျော်နေတတ်သူလေး ဖြစ်တာကြောင့် ပရိသတ်တွေက အချစ်ပိုနေရတာ ပဲဖြစ်ပါတယ်။

 

 

 

 

ဒီနေ့မှာတော့ လူမှုကွန်ယက် စာမျက်နှာမှာ မကျေနပ်ချက်တွေကို ပေါက်ကွဲကာ အခုလိုပဲ ရေးတင်လာပါတယ်…” မသိရင် ငါက ဘဲ အာဏာ သိမ်းသွားသလိုလို …စစ်တပ် ကဘဲ ငါ့အမျိုး လိုလို နဲ့ ..ငါ post တင်ရင်ဘဲ တိုက်ပွဲက ရှုံးမလိုလို …ငါ post တင်ရင်ဘဲ သူတို့ အိမ်ကို..ပေါ်တာ လာဆွဲ ခံရတော့မလိုလို ..ငါက ဘဲ အခုချိန်မှာ အောင်မြင်ကြီးပွား ချမ်းသာပြီး…စီးပွားရေး တွေ ကောင်းနေသလိုလို

 

 

 

 

Facebook Game နဲ့ Tiktok တွေမှာ ပလူပျံနေ ကြတာကို အလှထိုင်ကြည့်နေပြီး ငါ အရင်က ပုံ အဟောင်း တင်တာ..ေ-ာက်ပစ် ဖြစ် သွားတယ်ပေါ့ ……” လို့ရေးသားလာပြန်တာကြောင့် ခြူးလေးရဲ့ post အောက်မှာ ပရိသတ်တွေက အပြင်းအထန်ဝေဖန် နေတာပဲဖြစ်ပါတယ်။

 

 

 

အရင်တခါတုန်းကလည်း “လက်လေးညောင်းယုံလောက် စာလေးတွေရေးပြီး လိုင်းပေါ်မှာ ပေါက်ကွဲပြတဲ့ လုပ်ရပ်ကိုရွေးချယ်မှ မှန်ကန်တယ် ထင်ရင်လည်း ထမင်းရှင်တွေရဲ့ အမုန်းကို ခံရမှာပါဘဲ 🙏🙏🙏” လို့ရေးသားခဲ့ တာကြောင့် ပွဲဆူသွားခဲ့သေး ပါတယ်နော် ။

 

 

 

Creditmdatenews

mdatenews