Media Update News
News Media Website
Cele Local News News
လေဖြတ်နေတဲ့ သရုပ်ဆောင် ဦးဝင်းနိုင် ရဲ့ ကျန်းမာရေးအခြေအနေကို အလုံးဆုံပြောပြလာတဲ့ ဒါရိုက်တာ မောင်သီ
လေဖြတ်နေတဲ့ သရုပ်ဆောင် ဦးဝင်းနိုင် ရဲ့ ကျန်းမာရေးအခြေအနေကို အလုံးဆုံပြောပြလာတဲ့ ဒါရိုက်တာ မောင်သီ
ပရိသတ်ကြီးရေ ရုပ်ရှင်မင်းသားကြီးတစ်ဦးဖြစ်တဲ့ လွင်မိုး နဲ့အစ်ကိုတော်စပ်သူတစ်ဦးဖြစ်တဲ့ ဒါရိုက်တာ မောင်သီ ကိုတော့ လူတိုင်း
သိကြလိမ့်မယ်ထင်ပါတယ်။ Myanmar Got Talent ပြိုင်ပွဲကြီးမှာ ဒိုင်တစ်ယောက်အဖြစ် ပါဝင်ခဲ့တဲ့ ဒါရိုက်တာ‌ မောင်သီ ဟာရုပ်ရှင်ဇာတ်ကား
ကောင်းများစွာကို ဖန်တီးရိုက်ကူးနိုင်တဲ့ ဒါရိုက်တာတစ်ဦးလဲ ဖြစ်ပါတယ် ။ သူဟာ ဒါရိုက်တာတစ်ဦးဖြစ်တာကြောင့် ရုပ်ရှင်လောကမှာ
အနုပညာရှင်တွေရဲ့ ချစ်ခင်လေးစားမှု့ကို ရရှိထားသူတစ်ဦး ဖြစ်ပါတယ် ။ ဒါရိုက်တာ မောင်သီ ဟာ တတ်သစ်စသရုပ်ဆောင်သစ်လေးတွေကို
လက်တွဲခေါ်ယူလေ့ရှိတဲ့ ဒါရိုက်တာတစ်ဦးပါ ။ ဒါအပြင် တရားဘာဝနာကို လေ့လာလိုက်စားသူတစ်ဦးဖြစ်ပြီး ဘုရားဒါယိကာတစ်ဦးလဲ ဖြစ်ပါတယ် ။
ဒါရိုက်တာ တစ်ဦးအနေနဲ့ ရိုက်ကူးပြီး MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသခဲ့တဲ့ မကြေးစည်ဇာတ်လမ်းတွဲဟာ အရမ်းကို‌အောင်မြင်ခဲ့ပါသေးတယ်။
ဒီကနေ့မှာတော့ နှစ် ၂၀ ကျော် ကြာ အနုပညာအလုပ်တွေကို လက်တွဲအလုပ်လုပ်ခဲ့တဲ့ သရုပ်ဆောင် ဦးဝင်းနိုင် ရဲ့ ကျန်းမာရေးအခြေအနေကို
အခုလိုပဲ ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။ “နှစ်(၂၀)ကျော် လက်တွဲ အလုပ်လုပ်ခဲ့သူ.. မောင်သီ လွင်မိုး ဇာတ်ကားတွေဆို မပါ မဖြစ် ..
ကိုသီ ရေ ကျတော်လွတ်ပြီနော် .. ကိုသီသွားရာနောက် တောက်လျှောက်လိုက်တော့မှာ လို့ပြောပြီးကတည်းက လေဖြတ်သွားရှာတယ် ။
အခုတော့ အနုပညာ ဆည်းဆာရိပ် မှာ နေနေလေရဲ့ .. ဦးဝင်းနိုင် အရဟံ သိဒ္ဓိ ကျန်းမာ ချမ်းသာပါစေ ” လို့ ဒါရိုက်တာ မောင်သီ ဟာ
သရုပ်‌ဆောင် ဦးဝင်းနိုင်နဲ့ ပတ်သက်ပြီး သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသား ဖော်ပြထားတာကို တွေ့ရပါတယ်။ လက်ရှိမှာ သရုပ်ဆောင် ဦးဝင်းနိုင် ဟာ
လေဖြတ်တဲ့ဝေဒနာကို ခံစားနေရပြီး စကားတော့ ပြောနိုင်နေပြီးဘယ်ဘက်ခြမ်းက လက်လှုပ်လို့မရသေးဖူးလို့ သိရပါတယ် ။ ဝေဒနာခံစားနေရတဲ့ သရုပ်ဆောင် ဦးဝင်းနိုင် အမြန်ဆုံး ပြန်လည်သက်သာပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ် ။
Zawgyi
mdatenews