လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတစ်ဦး ကွယ်လွန်သွားတာကြောင့် စိတ်မကောင်းဖြစ်နေတဲ့ ဦးညီထွဋ်
လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတစ်ဦး ကွယ်လွန်သွားတာကြောင့် စိတ်မကောင်းဖြစ်နေတဲ့ ဦးညီထွဋ်
ပရိသတ်ကြီးရေ အသံပါဝါကောင်းကောင်းကို ပိုင်ဆိုင်ထားပြီးတော့ ရော့ခ်သီချင်းကောင်းများစွာကို သီဆိုထားတဲ့ ရော့လ်ဂီတဘုရင်ကြီး
ဇော်ဝင်းထွဋ် ကိုတော့ အားလုံးပဲသိကြမှာပါနော်။ ဦးညီရဲ့သီချင်းတွေကိုတော့ ယောက်ကျားလေးပရိသတ်တိုင်း မသိသူမရှိ‌လောက်အောင်
နာမည်ကြီးကျော်ကြားပါတယ်နော်။ နာမည်ကြီးသီချင်းတွေဖြစ်တဲ့ ဘာလိုလို၊အနှိုင်းမဲ့၊မဟာ စတဲ့သီချင်းကောင်းများစွာဟာ ယောက်ကျားလေး
ပရိသတ်တွေကြားမှာ အရမ်းကိုအောင်မြင်ခဲ့ပါတယ်။ ဂီတလောကမှာ ဦးညီ လို့ ချစ်စနိုးခေါ်ကြတဲ့ အဆိုတော်ကြီး ဇော်ဝင်းထွဋ် ကတော့
နွေဦးတော်လှန်ရေးမှာလဲ ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ဆန္ဒထုတ်ဖော်ခဲ့ပါသေးတယ်။ ဇော်ဝင်းထွဋ် ရဲ့သားဖြစ်သူ အဆိုတော်
အီတိုး ကတော့ လက်ရှိမှာ အင်းစိန်ထောင်မှာ အကျဥ်းကျခံနေရပါတယ်။ အဆိုတော် ဇော်ဝင်းထွဋ် ကတော့ နှစ်အကြာကြီးလက်တွဲခဲ့တဲ့
မိတ်ဆွေတစ်ဦးလဲဖြစ် လုပ်ဖော်ကိုင်ဖက်လဲ ဖြစ်တာကြောင့် အင်ပါယာ Band ရဲ့ဂီတာသမားတစ်ဦးဖြစ်တဲ့ ကိုဂျွန် ကွယ်လွန်သွားတဲ့အတွက်
စိတ်မကောင်းဖြစ်နေပါတယ်။ “Ko John O Hara အဖအိမ်တော်သို့ပြန်သွားပါပြီ။ သီချင်း မစ,ခင် …ကဲ … ကိုဂျွန် လို့ ခေါ်ဖို့ နောက်တခါမရှိတော့ဖူး။
ကိုဂျွန်ကောင်းမွန်ရာဘုံဘဝရောက်ရှိပါစေလို့ ဆုတောင်းလိုက်ပါတယ်” လို့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်” လို့ ဇော်ဝင်းထွဋ် ရဲ့
လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။ ပရိသတ်ကြီးရေ ဂန္တဝင်ဂီတအနုပညာကြယ်ပွင့်ကြီး ကြွေလွင့်သွားတဲ့အတွက်
များစွာစိတ်မကောင်းဖြစ်ရပါတယ်။ အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Zawgyi
mdatenews