လွတ်မြောက်နယ်မြေကနေ ဝတ်စုံပြည့်နဲ့ ဓာတ်ပုံလေးတွေကို မျှဝေပေးလိုက်တဲ့ လူရွှင်တော် ပိုးလေး
ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေနိုင်ပြီးတော့ ဇာတ်သဘင်လောကမှာ
အောင်မြင်မှုတွေများစွာရရှိထားပေမယ့် ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်ပြီး
မျိုးချစ်စိတ်အပြည့်နဲ့ တော်လှန်ရေးတိုက်ပွဲ ဝင်နေကြတဲ့သူတွေကတော့ ဟားငါးကောင်အဖွဲ့ ပဲဖြစ်ပါတယ်။ ရပ်တည်ချက်ခိုင်ခိုင်မာမာနဲ့ အာဏာရှင်စနစ်ကို
ဖြုတ်ချဖို့အတွက် ကြိုးစားနေကြတဲ့ ဟားငါးကောင်အဖွဲ့ ဟာ ဆိုရင် လက်ရှိမှာဆိုရင်လည်းလွတ်မြောက်ရေးနယ်မြေတစ်ခုမှာစစ်ရေးအတွက် ပြင်ဆင်နေကြတာဖြစ်ပါတယ်။
ဟားငါးကောင်အဖွဲ့ကိုတိုင်းကျော်၊ပြည်ကျော်၊ဝိုင်းကျော်၊တိုးကျော်၊ပိုးလေးတို့နဲ့ဖွဲ့စည်းထားတာဖြစ်ပြီးစိတ်တူကိုယ်တူနဲ့အမှန်တရားဘက်ကရပ်တည်နေကြသူတွေ
ဖြစ်ပါတယ်။ ဒီနေ့မှာလည်း လွတ်မြောက်နယ်မြေရောက် ဟားငါးကောင်အဖွဲ့က လူရွှင်တော် ပိုးလေး ဟာသူ့ရဲ့ Facebook စာမျက်နှာမှာ ဝတ်စုံအပြည့်ဝတ်ဆင်ပြီး
ဓာတ်ပုံလေးတစ်ပုံတင်ထားတာကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ တော်လှန်ရေးအတွက်စစ်ရေးပြင်ဆင်မှုတွေပြုလုပ်နေကြတဲ့
ဟားငါးကောင်အဖွဲ့ ဟာ မကြာခင်ရက်ပိုင်းအတွင်းက လွတ်မြောက်နယ်မြေ ကနေ ပြည်သူပရိသတ်တွေအတွက် တတ်စွမ်းတဲ့ပညာနဲ့ အငြိမ့်ကပြ
ဖျော်ဖြေခဲ့သေးတာလည်း ဖြစ်ပါတယ်။ လက်ရှိကြုံတွေ့နေရတဲ့နိုင်ငံရေးအခြေအနေတွေကို ပြက်လုံးတွေအဖြစ်ပြောင်းလဲပြီး ပရိသတ်တွေကို ဖျော်ဖြေပေးခဲ့ကြတာကြောင့်
ပရိသတ်တွေကျေနပ်အားရခဲ့တဲ့ ဖျော်ဖြေမှုလေးဖြစ်ခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ အနုပညာရှင်တွေဖြစ်ပေမယ့်
အာဏာရှင်ဖြုတ်ချရေးမှာ တက်ကြွစွာပါဝင်နေတဲ့ ဟားငါးကောင်အဖွဲ့ရဲ့ သတ္တိနဲ့ခံယူချက်ကတော့ အင်မတန်လေးစားဖို့ကောင်းပါတယ်။
Zawgyi
လြတ္ေျမာက္နယ္ေျမကေန ဝတ္စုံျပည့္နဲ႔ ဓာတ္ပုံေလးေတြကို မွ်ေဝေပးလိုက္တဲ့ လူ႐ႊင္ေတာ္ ပိုးေလး
ပရိသတ္ေတြကို ရယ္ေမာေပ်ာ္႐ႊင္ေစႏိုင္ၿပီးေတာ့ ဇာတ္သဘင္ေလာကမွာ
ေအာင္ျမင္မႈေတြမ်ားစြာရရွိထားေပမယ့္ ပိုင္ဆိုင္မႈေတြကို စြန႔္လႊတ္ၿပီး
မ်ိဳးခ်စ္စိတ္အျပည့္နဲ႔ ေတာ္လွန္ေရးတိုက္ပြဲ ဝင္ေနၾကတဲ့သူေတြကေတာ့ ဟားငါးေကာင္အဖြဲ႕ ပဲျဖစ္ပါတယ္။ ရပ္တည္ခ်က္ခိုင္ခိုင္မာမာနဲ႔ အာဏာရွင္စနစ္ကို
ျဖဳတ္ခ်ဖို႔အတြက္ ႀကိဳးစားေနၾကတဲ့ ဟားငါးေကာင္အဖြဲ႕ ဟာ ဆိုရင္ လက္ရွိမွာဆိုရင္လည္းလြတ္ေျမာက္ေရးနယ္ေျမတစ္ခုမွာစစ္ေရးအတြက္ ျပင္ဆင္ေနၾကတာျဖစ္ပါတယ္။
ဟားငါးေကာင္အဖြဲ႕ကိုတိုင္းေက်ာ္၊ျပည္ေက်ာ္၊ဝိုင္းေက်ာ္၊တိုးေက်ာ္၊ပိုးေလးတို႔နဲ႔ဖြဲ႕စည္းထားတာျဖစ္ၿပီးစိတ္တူကိုယ္တူနဲ႔အမွန္တရားဘက္ကရပ္တည္ေနၾကသူေတြ
ျဖစ္ပါတယ္။ ဒီေန႔မွာလည္း လြတ္ေျမာက္နယ္ေျမေရာက္ ဟားငါးေကာင္အဖြဲ႕က လူ႐ႊင္ေတာ္ ပိုးေလး ဟာသူ႔ရဲ႕ Facebook စာမ်က္ႏွာမွာ ဝတ္စုံအျပည့္ဝတ္ဆင္ၿပီး
ဓာတ္ပုံေလးတစ္ပုံတင္ထားတာကို ပရိသတ္ေတြအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။ ေတာ္လွန္ေရးအတြက္စစ္ေရးျပင္ဆင္မႈေတြျပဳလုပ္ေနၾကတဲ့
ဟားငါးေကာင္အဖြဲ႕ ဟာ မၾကာခင္ရက္ပိုင္းအတြင္းက လြတ္ေျမာက္နယ္ေျမ ကေန ျပည္သူပရိသတ္ေတြအတြက္ တတ္စြမ္းတဲ့ပညာနဲ႔ အၿငိမ့္ကျပ
ေဖ်ာ္ေျဖခဲ့ေသးတာလည္း ျဖစ္ပါတယ္။ လက္ရွိႀကဳံေတြ႕ေနရတဲ့ႏိုင္ငံေရးအေျခအေနေတြကို ျပက္လုံးေတြအျဖစ္ေျပာင္းလဲၿပီး ပရိသတ္ေတြကို ေဖ်ာ္ေျဖေပးခဲ့ၾကတာေၾကာင့္
ပရိသတ္ေတြေက်နပ္အားရခဲ့တဲ့ ေဖ်ာ္ေျဖမႈေလးျဖစ္ခဲ့ပါေသးတယ္။ ပရိသတ္ႀကီးေရ အႏုပညာရွင္ေတြျဖစ္ေပမယ့္
အာဏာရွင္ျဖဳတ္ခ်ေရးမွာ တက္ႂကြစြာပါဝင္ေနတဲ့ ဟားငါးေကာင္အဖြဲ႕ရဲ႕ သတၱိနဲ႔ခံယူခ်က္ကေတာ့ အင္မတန္ေလးစားဖို႔ေကာင္းပါတယ္။mdatenews
mdatenews