ဆိုင်တွေမှာ သောက်စားနေတာကြတာတွေကို social media မှာချမပြသင့်ဘူးဆိုတဲ့ ရန်ရန်ချမ်း

ဆိုင်တွေမှာ သောက်စားနေတာကြတာတွေကို social media မှာချမပြသင့်ဘူးဆိုတဲ့ ရန်ရန်ချမ်း

ဝါရင့်ဟစ်ဟော့အဆိုတော်တစ်ဦးဖြစ်တဲ့ ရန်ရန်ချမ်း ကတော့ တစ်ခေတ်တစ်ခါတုန်းက နာမည်ကြီး လူကြိုက်များခဲ့တဲ့ နာမည်ကျော်အက်ဆစ်အဖွဲ့ဝင်ပဲ ဖြစ်ပါတယ် ။

သူဟာမြန်မာပြည်ကို စစ်အာဏာသိမ်းတာကို လက်မခံနိုင်တာကြောင့် ပြည်သူတွေနဲ့အတူ ပြတ်ပြတ်သားသား ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်ခဲ့ပါတယ်။

ဒါကြောင့် စစ်ကောင်စီဘက်မှ ပုဒ်မ ၅၀၅ ဖြင့်တရားစွဲဆိုခံထားရပြီးနောက် လက်ရှိမှာ မိသားစုနဲ့အတူ ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ”

ဒီပုံလေးကိုအကြောင်းပြုပြီး ခုရန်ကုန်ကညီငယ်တွေညီမငယ်တွေ တော်လှန်ရေးသပ်သပ် ပျော်ပါးနေကြတာသပ်သပ်ဖြစ်နေတာလေးကိုခိုင်းနိုင်းပြီးပြောပြချင်တယ် ။

၂၀၀၇ရွှေဝါရောင်အရေးအခင်းတုန်းကခုလိုပဲရဟန်း/ ပြည်သူအားလံုးပါဝင်ခဲ့ကြပြီးကမ္ဘာကသိခဲ့တဲ့လူထုလှုပ်ရှားမှုဖြစ်ခဲ့တယ်ဆိုတာအားလုံးအသိပဲ …..

အဲ့အချိန်တုန်းက ငါလည်းမင်းတို့လိုပဲဘာသိဘာသာအေးဆေးပဲနေခဲ့တယ် အဓိကကနိုင်ငံရေးအများကြီးနားမလည်သလို လူကပဲရင့်ကျက်မှုနောက်ကြတယ်ပဲ

ပြောရမလားကိုယ်နေတတ်သလိုပဲနေရင်း မင်းတို့ခုသောင်းကြမ်းသလိုဖွင့်တဲ့ Bar တွေ Club တွေသွားတယ်ဆိုတာထက်ပိုတဲ့သောင်းကြမ်းနည်းနဲ့ပျော်ပါးလာခဲ့ကြတာ

အဲ့တော့ငါမင်းတို့ကိုနားလည်တယ်ဆိုတာသိစေချင်တယ် ။ တစ်ချိန်ထဲမှာပဲငါတို့‌ေကာင်”မောင်ကျော်” ကဆန္ဒပြပွဲတွေမှာ မမောမပန်းတက်ကြွစွာဒိုးနေတဲ့အချိန်…..

သူ့မှန်းသိတဲ့ပြည်သူတွေကအားပေးကြနှုတ်ဆက်ကြပေါ့ ….. အဲ့ချိန်ငါကလမ်းထဲကနေဘာတွေဖြစ်နေလည် းနားဆွင့်လိုက် ရပ်ကွက်ထဲကဘော် ဒါတွေရိုက်ကူးရေးလုပ်တဲ့

နေရာတွေ(အဲ့တုန်းကသတင်းဌာနတွေကိုပို့ဖို့အရမ်းခက်ခဲတဲ့အချိန်ပေါ့) ကနေလိုက်ချောင်းလိုက်လုပ်နေရုံထက်မပိုခဲ့ဘူး…..ခုဏပြန်ဆက်ရရင် ဆန္ဒပြနေတဲ့အချိန်

လူတွေကသူ့ကိုတွေ့လို့ကိုယ့်ကိုမေးရင် ငါ့ကောင်က YCပါတယ်ရှေ့မှာ /နောက်မှာပါတယ်ဘာညာနဲ့ကိုယ့်ကိုပြောပေးခဲ့တယ် ။ ခုနွေးဦးတော်လှန်ရေးဟာ

ငါတို့နိုင်ငံလေးတစ်ကယ်ကြီး အရှိန်ရစပြုနေတာကိုဖျက်လို့ဖျက်စီးလုပ်လို့စိတ်ကိုလုံးဝမထိန်းနိုင်တာရော 2007မှာဘာသိဘာသာနေခဲ့မိတဲ့အကြွေးကို

စပ်ချင်တာရောကြောင့် စိတ်ရောကိုယ်ရောနှစ်ပြီးပါခဲ့တယ် ။ ဆိုလိုချင်တာက ငါလည်းမင်းတို့လိုပျော်ပါးတတ်တဲ့ကောင်ပဲ ခုဒီတစ်ခေါက်ကတော့တိုင်းပြည်ကို

အောက်ဆုံးထိဆွဲချသွားတဲ့အတွက်အဲ့အချိန်မှာငါတို့တွေဟာ လူကြီး လူလတ် လူငယ် အားလုံးတစ်ညီတစ်ညွှတ်ထဲတိုက်ဖို့လိုတယ် …..အဲ့လိုတိုက်ရာမှာလည်း

လူတိုင်းလက်နက်ကိုင်ပြီးတောထဲသွားဖို့မဖြစ်နိုင်တာမှန်ပေမဲ့ အသက်ပေးပြီးတိုက်နေရတဲ့သူတွေကိုငဲ့ကြရမယ် သူတို့ကအသက်ပေးနေတဲ့အချိန်

(အထူးသဖြင့်ရန်ကုန်လိုနေရာမျိုး)မင်းတို့က ဆိုင်‌ေတွမှာသောက်စားနေတာတွေ social media လိုမျိုးမှာချမပြသင့်ဘူး….. သူတို့နေရာမှာမင်းတို့လို့သဘောထားကြည့်ဘယ်လိုခံစားရမလည်းစကစ

က ဒါမျိုးသဘောသိပ်ကြ ဖွင့်စမ်းဆိုင်တွေ ပျော်စမ်း ကွဲစမ်း ပြဲစမ်း လီးဖြစ်လားပေါ့ (sorry) နောက်ဆုံး‌ေပြာချင်တာက မနေနိုင်လို့ သောက်စား

ပျော်ပါးချင်ကြတယ်ဆိုလည်း အများမြင်အောင်ချမပြနဲ့ မရဘူးပြချင်တယ်လုပ်တယ်ကွာ ဘာဖြစ်လည်းဆိုရင်တော့ စကစလူလို့ပဲ သဘောထားရတော့မှာပဲ

ဒီလောက်ပါပဲ”လို့ ရေးသားထားတာကို တွေ့ရပါတယ် ။ ကဲ…စာဖတ် ပရိသတ်ကြီးရေ အဆိုတော် ရန်ရန်ချမ်း ဟာ အပျော်အပါးမက်နေတဲ့ အထူးသဖြင့်

ရန်ကုန်ကလူငယ်တွေနဲ့ ပတ်သက်ပြီး သတိပေးလိုက်တာပဲ ဖြစ်ပါတယ် ။ မနေနိုင်လို့ သောက်စားပျော်ပါးပြီး အများမြင်အောင်ချင်တယ်ဆိုရင်တော့ စကစလူလိုပဲ သဘောထားတော့မယ်လို့ သူ့ရဲ့သဘောထားကိုလဲ ပြတ်ပြတ်သားသား ပြောထားပါတယ် ။

Crd

mdatenews

mdatenews