ခံယူချက်မတူ လမ်းကြောင်းကွဲသွားတဲ့ သီးလေးသီးအဖွဲ့ဝင် လူရွှင်တော်အပေါ် ပြည်ကျော်ရဲ့ စကားသဲံ
ခံယူချက်မတူ လမ်းကြောင်းကွဲသွားတဲ့ သီးလေးသီးအဖွဲ့ဝင် လူရွှင်တော်အပေါ် ပြည်ကျော်ရဲ့ စကားသဲံ
ပရိသတ်ကြီးရေ ပြည်သူတွေကို ရယ်မောပျော်ရွှင်အောင် ပျက်လုံးတွေနဲ့ တင်ဆက်နေတဲ့ ဟားငါးကောင်အငြိမ့်အဖွဲ့ကိုတော့ လူတိုင်းသိကြလိမ့်မယ်ထင်ပါတယ်။
ဟားငါးကောင်အဖွဲ့ ဟာဆိုရင်တော့ အာဏာစသိမ်းတဲ့အချိန်ကစပြီး အမှန်တရားအတွက် ပြည်သူတွေနဲ့အတူ အစောဆုံးရပ်တည်ခဲ့တဲ့ အဖွဲ့ပဲဖြစ်ပါတယ် ။
ဟားငါးကောင်အဖွဲ့ကို တိုင်းကျော်၊ပြည်ကျော်၊ဝိုင်းကျော်၊ပိုးလေး၊တိုးကျော် အစရှိတဲ့အဖွဲ့ဝင်ငါးယောက်နဲ့ ဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ် ။ အမှန်တရားဘက်တော်သားတွေဖြစ်ကြတဲ့ သူတို့ငါးဦးဟာ
တတ်ညီလက်ညီနဲ့ အာဏာရှင်ကိုတွန်းလှန်ဖို့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ တော်လှန်ရေးကာလမှာတော့ အဖွဲ့ဝင်အချင်းချင်းဖြစ်ပေမယ့်
သူ့တို့ရဲ့ခံယူချက်တွေကိုတော့ သဲသဲကွဲကွဲသိခဲ့ရပြီပဲ ဖြစ်ပါတယ် ။ သီးလေးသီး လူရွှင်တော်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ စိန်သီး ကတော့ လက်ရှိမှာ အမှန်တရားအတွက်
ပြည်သူတွေနဲ့ရပ်တည်ခဲ့ပြီး တော်လှန်‌ရေးမှာ နေရာတစ်ခုကနေ ပါဝင်နေခဲ့ပါတယ် ။ လူရွှင်တော် စိန်သီး ဟာ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ
တာဝန်ထမ်းဆောင်နေပြီး ပရိသတ်တွေရဲ့ လေးစားအားပေးမှု့ကို ရရှိထားတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခုခါမှာတော့ တစ်ခေတ်တခါက အာဏာရှင်ကို
အငြိမ့်ပြက်လုံးတွေနဲ့ သလျော်ခဲ့တဲ့ သီးလေးသီးအဖွဲ့ရဲ့ ရာဇဝင်ကတော့ ရိုင်းသွားခဲ့ပါပြီ။ သီးလေးသီး လူရွှင်တော်ကြယ်သီး ဟာ စစ်ကောင်စီ ရဲ့
အစီအစဥ်တစ်ခုမှာပါဝင်နေပြီး ပြည်သူတွေရဲ့ဆန်ကျင်ဘက်ကို ရောက်ရှိသွားခဲ့ပါတယ် ။ ဒီလိုခံယူချက်ကွဲသွားတဲ့ ကြယ်သီးကို ဟားငါးကောင်အဖွဲ့ရဲ့
အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ပြည်ကျော် ကတော့ အခုလိုပဲ ရေးသားလိုက်ပါတယ် ။ “အကိုကျွန်တော့်ကိုခွင့်လွှတ်ပါခံယူချက်ချင်းမတူလို့အကို့ကိုလည်းလီးပဲ…”လို့
သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ် ။ စာဖတ်ပရိသတ်ကြီးရေ မိသားစုနဲ့ဝေးရာ လွတ်မြောက်နယ်မြေမှာ ခက်ခက်ခဲခဲသွားရောက် တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူချစ်အနုပညာရှင်တွေအတွက် အားပေးစကားလေးတွေ ပြောခဲ့ပါအုန်းနော် ။
Zawgyi
mdatenews
mdatenews