ထိုင်းဘောလုံးအသင်းမှာ တိုက်စစ်မှူးဘောလုံးသမားအဖြစ် ကစားနေတဲ့ မြန်မာ့ လက်ရွေးစင် သန်းပိုင် ..
ထိုင်းဘောလုံးအသင်းမှာ တိုက်စစ်မှူးဘောလုံးသမားအဖြစ် ကစားနေတဲ့ မြန်မာ့ လက်ရွေးစင် သန်းပိုင် ..
မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဘောလုံးသမား သန်းပိုင် ဟာ ငယ်စဥ်ကတည်းက ဘောလုံးအားကစားကို ရူးသွပ်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒါကြောင့်လဲ
ရန်ကုန်ယူနိုက်တတ်ဘောလုံးအသင်းမှာ စတင်ကစားခဲ့ပြီး သူ့ရဲ့ကြိုးစားအားထုတ်မှု့တွေကြောင့် အောင်မြင်တဲ့ဘောလုံးသမားတစ်ဦး ဖြစ်လာခဲ့တာပါ။ သန်းပိုင် ရဲ့
မွေးရပ်ဇာတိကတော့ ရှမ်းပြည်နယ်၊သီပေါမြို့ ဖြစ်ပြီး အပြုံးချိုချိုလေးကို ပိုင်ဆိုင်ထားတဲ့ တောင်ပေါ်သားလေးတစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ထူးခြားချက်ကတော့
မြန်မာလူမျိုးတစ်ဦးဖြစ်ပေမယ့် အရပ်အမြင့်က ၅ ပေ ၁၁ လက်မခန့်ရှိပါတယ်။ သန်းပိုင်ကတော့ မြန်မာလက်ရွေးစင်အသင်းကြီးမှာ တိုက်စစ်မှူးအဖြစ် ကစားခဲ့ပြီး
ခြေစွမ်းတွေများစွာပြခဲ့တဲ့ ဘောလုံးသမားတစ်ဦးဖြစ်ပါတယ်။ အသက် ၂၆ အရွယ် သန်းပိုင် ဟာ လက်ရှိမှာတော့ ထိုင်းနိုင်ငံက ဘောလုံးအသင်းတစ်ခုမှာ
တိုက်စစ်မှူးအဖြစ် ကစားနေပါတယ်။ သန်းပိုင် ကို ထိုင်းပရော်ဖက်ရှင်နယ် ဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ ကန်ချနပူရီ စီးတီးဘောလုံးအသင်းအတွက် ကစားဖို့
ကြေးစားတိုက်စစ်မှုးဘောလုံး သမားတစ်ယောက်အဖြစ်ခေါ်ယူထားပါတယ်။ ကန်ချနပူရီ စီးတီးဘောလုံးအသင်းကတော့ Kanchanaburi City Football Club က
ထိုင်းနိုင်ငံ Kanchanaburi ပြည်နယ် အခြေစိုက် ဘောလုံးအသင်းတစ်သင်းပဲ ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင် သန်းပိုင် ကို အားပေးနေတဲ့ပရိသတ်ရှိသေးလား ကောမန့်မှာ ပြောခဲ့ပါအုန်း..???
Zawgyi
mdatenews