ကျမရဲ့ဆုံးရှူံးမှုကလျှင်မြန်ကြီးမားလွန်းလို့ပြောစရာစကားလုံးရှာမရအောင်ပါပဲ။ခုချိန်မှာလဲရင်ထဲမှာဘယ်လိုခံစားနေရဘယ်လောက်လွမ်းနေမယ်ဆိုတာ ကြုံဖူးသူမှလွဲ ဘယ်သူမှကိုယ်ချင်းစာနိုင်မှာမဟုတ်ပါဘူး။
လူဆိုတာမွေးလာရင် သေချာတာကသေဖို့ပါပဲ။ကျန်ခဲ့တဲ့သူကတော့အကောင်းဆုံးရှင်သန်ရမှာပါ။ သူ့အတွက်ပါပေါင်းပီး၂ဆ ကျမအကောင်းဆုံးရှင်သန်မှာပါ။သူထားခဲ့တဲ့သူ့ကိုယ်ပွါးလေးတွေရဲ့လက်ကိုမြဲမြဲတွဲပီးကျမအကောင်းဆုံးရှင်သန်ပါမယ်။
ကျမကိုအရမ်းချစ်တဲ့သူမရှိတော့လို့ကျမပိုပင်ပန်းမှာပါ။ ဒါပေမယ့်ဒါတွေဟာ လောကဓံပါ။ သံသရာကမလွတ်မြောက်နိုင်သေးသ၍လောကဓံကနှိပ်စက်တဲ့ဒဏ်ကိုခံနေကြရမှာပါပဲ။ကျမအတွက်သူထားခဲ့တဲ့၄နှစ်တာgood memoriesတွေကအဖိုးမဖြတ်နိုင်အောင်ပါပဲ။
ပြန်စဉ်းစားကြည့်တော့ရန်ဖြစ်ရတာလဲမရှိ စိတ်ဆင်းရဲရတာလဲမရှိခဲ့တဲ့၄နှစ်တာကာလကိုပိုတန်ဖိုးထားမိပါတယ်။သူနေမကောင်းချိန် သူ့ရဲ့နောက်ဆုံးချိန်မှာလဲ သားစွဲမယားစွဲမဖြစ်အောင် သံသရာအတွက်ကောင်းအောင်ကျမတည်တည်ငြိမ်ငြိမ်နဲ့ရာနှုန်းပြည့်လုပ်ပေးလိုက်နိုင်တယ်။ သူလဲငြင်ငြင်သာသာ ပျော့ပျော့ပျောင်းပျောင်းနဲ့အသက်ထွက်သွားနိုင်ခဲ့တယ်။
သူကစိတ်ထားကောင်းသူ အကုသိုလ်စိတ်နည်းသူ ကူညီတတ်သူမို့ သုခဘုံကိုရောက်မယ်လို့ ကျမအပြည့်အဝယုံကြည်တယ်။ ရှည်လွန်းလှတဲ့သံသရာမှာဘဝကူးကောင်းဖို့ကလဲအရေးကြီးပါတယ်။
ဘာတွေပဲတွေ့ကြုံရပါစေ ကျမသူ့အတွက်ပါပေါင်းပီးအကောင်းဆုံးကြိုးစားရှင်သန်ပါမယ်။သတိရတယ် လွမ်းတယ်ဆိုတာထက်ပိုပါတယ်ယောက်ျားရေ
ရက်စွဲလေးကလှသလောက် 21.8.21mdatenews
mdatenews