ဘယ်အမျိုးသမီးကိုမှ အမေ့လောက်မချစ်လို့ လူပျိုကြီးဖြစ်နေတာပါဆိုတဲ့ လူကြမ်းသရုပ်ဆောင် ကိုမျိုးကြည် …’

ဘယ်အမျိုးသမီးကိုမှ အမေ့လောက်မချစ်လို့ လူပျိုကြီးဖြစ်နေတာပါဆိုတဲ့ လူကြမ်းသရုပ်ဆောင် ကိုမျိုးကြည် …’

တစ်ခေတ်တစ်ခါက အက်ရှင်ဇာတ်ကားတွေရဲ့ မင်းသားနဲ့ ဖိုက်တင်အပြန်အလှန်ချရတဲ့ ဇာတ်ဝင်ခန်းတွေမှာ အမြဲလိုလိုတွေ့ရတတ်တာကတော့

လူကြမ်းသရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်။ သူတို့ကတော့ အနုပညာကြေးများများစားစားမရပေမယ့် ဖိုက်တင်ထိုးနေရပြီး အနုပညာလုပ်ငန်းတွေကို

လုပ်နေရရင် ပျော်နေကြသူတွေထဲမှာ လူကြမ်းသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ လူကြမ်းသရုပ်ဆောင် ကိုမျိုးကြည် လဲ အပါအဝင်ပဲ ဖြစ်ပါတယ် ။

နှုတ်ခမ်းမွှေးကြောင့် ပရိသတ်တွေက စတင်သတိထားမိလာခဲ့တဲ့ လူကြမ်းသရုပ်ဆောင် ကိုမျိုးကြည်ကိုတော့ အားလုံးပဲမှတ်မိကြအုန်းမယ် ထင်ပါတယ်။

သူကိုယ်တိုင်ကလည်း နှုတ်ခမ်းမွှေးထားရတာ ဝါသနာပါတာကြောင့်လဲ ထားဖြစ်တာပါတဲ့။ ကိုမျိုးကြည် ကတော့ လူကြမ်းသရုပ်ဆောင်

တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကား တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူတစ်ဦးဖြစ်ပါတယ်။ လူကြမ်းသရုပ်ဆောင်

မျိုးကြည်ဟာ အရင်က နာရေးကူညီမှုအသင်း(ရန်ကုန်)မှာ လုပ်အားပေး ပါဝင်ဆောင်ရွက်နေသူတစ်ဦးဖြစ်ပြီး ပရဟိတလုပ်ရတာကို သဘောကျတဲ့

နှလုံးသားလှတဲ့ လူကြမ်းကြီးတစ်ဦးဖြစ်ပါတယ်။ ကိုမျိုးကြည် ကတော့ အခုအချိန်ထိ အိမ်ထောင်မပြုသေးပဲ အသက် ၈၆နှစ်အရွယ် မိခင်ကြီးကို

လုပ်ကျွေးနေတဲ့ သားလိမ္မာတစ်ဦးလဲ ဖြစ်ပါတယ်။ ” ကျွန်တော့်ကို ဟိုးငယ်ငယ် ဥမမယ် စာမမြောက်ကတည်းက မွေးဖွားပေးထားတဲ့ မိခင်မို့၊

အသက် ၈၆နှစ်အရွယ်အထိရှိ နေပေးတဲ့ မိခင်ကြီးကို ကျွေးမွေးပြုစုစောင့်ရှောက်ချင်လို့ ကျွန်တော်လူပျိုကြီးဘဝနှင့် ရပ်တည်နေထိုင်နေတာပါ” ဆိုပြီး အင်တာဗျူးတစ်ခုမှာ ဖြေထားတာကို တွေ့ရပါတယ်။

Crd

mdatenews

mdatenews