စမှတ်” ဇာတ်လမ်းထဲက ဝမ်းနည်းဖို့ကောင်းတဲ့ ဇာတ်ဝင်ခန်းလေးကို ပြောပြလိုက်တဲ့ ချစ်သုဝေ …
ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် ချစ်သုဝေ ဟာလက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့အရေးနဲ့ပတ်သတ်ပြီး ထိပ်ဆုံးကနေ ပါဝင်လှုပ်ရှားနေတဲ့
အနုပညာရှင်တစ်ဦးဖြစ်ပါတယ် ။ ဒီလိုလှုပ်ရှားမှု့တွေကြောင့် သူမကို ၅၀၅ ကနဲ့တရားစွဲဆိုထားပြီးတော့ ဘေးကင်းရာမှာ တိမ်းရှောင်နေရပါတယ် ။
ချစ်သုဝေ ဟာ တိမ်းရှောင်နေရင်းနဲ့ ကျရာတာဝန်ကို အဝေးတစ်နေရာကနေ ထမ်းဆောင်နေသူလဲ ဖြစ်ပါတယ် ။ သရုပ်ဆောင်၊ အဆိုတော်၊
ဆရာဝန် တစ်ဦးဖြစ်ပြီး ပရိသတ်အချစ်တွေကို တစ်ခဲနက်ရရှိထားသူလေး ချစ်သုဝေ ဟာ အဆိုတော်လင်းလင်း နဲ့ အိမ်ထောင်ကျပြီး
အမြွှာသမီးလေးနှစ်ယောက်ဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ် ကို မွေးဖွားထားသူတစ်ယောက် ဖြစ်ပါတယ်။ သူမကတော့
တော်လှန်ရေးအတွက် ရှေ့ဆက်လုပ်ဆောင်ရမဲ့ စကားဝိုင်းဆွေးနွေးခန်းတွေမှာလဲ ပါဝင်ဆောင်ရှက်နေတဲ့ အနုပညာရှင်မင်းသမီးလေးတစ်ဦးလဲ
ဖြစ်ပါတယ် ။ ဒါအပြင် တော်လှန်ရေးအတွက် တတ်စွမ်းတဲ့အနုပညာနဲ့ ထောက်ပံ့နိုင်ဖို့ အခြားအနုပညာရှင်မောင်နှမတွေနဲ့အတူ ကြိုးစားနေသူလေးလဲ
ဖြစ်ပါတယ် ။ လက်ရှိမှာတော့ စမှတ် ဆိုတဲ့ ဇာတ်ကားလေးကို သရုပ်ဆောင် မင်းသားချော ဒေါင်း နဲ့ အတူ ရိုက်ကူးထားပြီးတော့ တော်လှန်ရေးအတွက်
ရန်ပုံငွေရှာဖွေနေတာလဲ ဖြစ်ပါတယ်။ အဆိုပါ ဇာတ်ကားထဲက Dialouge လေးတစ်ကြောင်းကတော့ အိမ်ကိုစွန့်ခွာခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့
သူတွေအားလုံးရဲ့ ရင်ထဲမှာအရမ်းကို စိတ်ထိခိုက်စေတဲ့ စကားလေးပဲ ဖြစ်ပါတယ်။ ဒီစာသားလေးကတော့ ” ငါတို့တွေအိမ်နဲ့ ဘယ်လောက်အဝေးကြီး
ခရီးသွားနေရမှာလဲ ငါတို့ မိသားစုတွေကို တန်ဖိုးထားတဲ့ ငါတို့နှလုံးသားတွေက ငါတို့အိမ်ပဲမဟုတ်လား”ဆိုတဲ့စာသားလေးပဲ ဖြစ်ပါတယ် ။ ”
ဒီ dialouge လေးဖတ်တော့ မျက်ရည်က ပိုးပိုးပေါက်ပေါက်ပဲ… နာကျင်ခြင်းတွေအပြည့်နဲ့ ငါတို့နိုင်ငံငယ်လေးရဲ့အဖြစ်ကို ထောက်ပြခံလိုက်ရသလိုမို့
ပြည်ပ က တို့လူတွေ ရုပ်ရှင်ကြည့်ရင်းတော်လှန်ဝန်ထမ်းနိုင်ပါတယ်” လို့ ချစ်သုဝေ ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ် ။
ကဲ … ပရိသတ်ကြီးရေ အိမ်ကိုစွန့်ခွာခဲ့ပြီး ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေတွေမှာ တိမ်းရှောင်နေရပြီး တော်လှန်ရေးအတွက်
တာဝန်တွေကိုထမ်းဆောင်နေကြတဲ့ ပြည်သူ့ရဲဘော်တွေနဲ့ နယ်ပယ်စုံက ပြည်သူ့ချစ်အနုပညာရှင်တွေအတွက် ဆုတောင်းစကားလေးတွေကို ကောမန့်မှတစ်ဆင့် ရေးသားသွား ပေးခဲ့ပါအုန်းနော် ။
mdatenews
mdatenews