သြဂုတ်လ ၁၅ ရက်နေ့စဟာ အမှန်တရားဘက်က ရပ်တည်ခဲ့လို့ ဂုဏ်ယူမဆုံးဖြစ်နေတဲ့ သရုပ်ဆောင် မြတ်နိုးအေး ရဲ့ မွေးနေ့

သြဂုတ်လ ၁၅ ရက်နေ့စဟာ အမှန်တရားဘက်က ရပ်တည်ခဲ့လို့ ဂုဏ်ယူမဆုံးဖြစ်နေတဲ့ သရုပ်ဆောင် မြတ်နိုးအေး ရဲ့ မွေးနေ့

သရုပ်ဆောင် မြတ်နိုးအေး ကတော့ နွေဦးတော်လှန်ရေးအစထဲက ပြည်သူတွေနဲ့ အတူ

တစ်သားတည်း ရပ်တည်ခဲ့ပြီး လမ်းမထက်မှာ အတူတကွဆန္ဒထုတ်ဖော်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒါအပြင် ဆိုရှယ်မီဒီယာတွေဖြစ်ကြတဲ့

Facebook , Instagram , Twitter နဲ့ Tiktok မှာ လည်း မြန်မာပြည်ရဲ့အခြေအနေတွေကို Speak out လုပ်ပေးခဲ့တာသူလဲ ဖြစ်ပါတယ်။ လက်ရှိမှာ

မြတ်နိုးအေး ကတော့ ပုဒ်မ ၅၀၅ နဲ့တရားစွဲဆိုခံထားရပြီးနောက် လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ သြဂုတ်လ ၁၅ ရက်နေ့ကတော့

သရုပ်ဆောင် မြတ်နိုးအေး ရဲ့ ၂၆ နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ မွေးနေ့အထိမ်းအမှတ်အနေနဲ့ မြတ်နိုးအေး ဟာ သူမရဲ့လူမှု့ကွန်ယက်ပေါ်မှာ စာသားလေးတစ်ချို့

ရေးသားထားပါတယ်။ ” အသက် တစ်နှစ်ကြီးလာပြီ…အိမ်နဲ့အဝေးကို ရွှေ့ရင်းပြောင်းရင်း၊ အိပ်မက်တွေနဲ့ အဝေးကို ပြေးရင်းလွှားရင်း၊ စိတ်ဓါတ်တွေ

တက်လိုက်ကျလိုက် ဖြစ်ရင်းနဲ့ ဖြတ်သန်းရတဲ့ ဒုတိယမြောက်မွေးနေ့ပေါ့။ ဒါပေမယ့်လည်း ဘာတွေပဲ ဒုက္ခရောက်ရောက်ပါ..အနောက်ကိုပြန်လှည့်ကြည့်လိုက်တိုင်း

ကိုယ့်သမိုင်းမှာ နောင်တမရစေမယ့် ရပ်တည်ချက်နဲ့ ခံယူချက်တွေအတွက်တော့ လိပ်ပြာလုံလို့ ကျေနပ်ရပါတယ် ရင်းခဲ့ရတဲ့ ငယ်ရွယ်နုပျိုမှုတွေ ဘဝတွေ

အိပ်မက်တွေ ကတော့ ထားပါတော့လေ။ ကိုယ့်ထက်စွန့်လွှတ်ရတဲ့သူတွေကြားထဲမှာ ကိုယ့်ဆုံးရှုံးမှုတွေကို အသေးစိတ်ထိုင်ညည်းဖို့ မရဲဘူးလေ. အသက်ကြီးလာလို့

ရင့်ကျက်သွားတာပဲလား.. ကြုံခဲ့ရတဲ့ အခြေအနေတွေကြောင့်ပဲလားတော့မသိဘူး.. ဒီနှစ်မွေးနေ့မှာ အရင်တုန်းကလို အထူးတလည် ရင်ခုန်ပြီးတော့

ကျင်းပချင်စိတ်လည်း မရှိနေဘူး။ အတ္တတွေနဲ့ နောင်ဘဝ ဘာဖြစ်ပါစေ ညာဖြစ်ပါစေတွေနဲ့ တစ်ကိုယ်ရည်အကျိုးမျှော်မှန်းပြီးလည်း မလှူတန်းချင်တော့ဘူး ။

တစ်ကိုယ်ရည်အကျိုးထက် ရင်းထားရတဲ့ ကိုယ့်ရဲ့တော်လှန်ရေး ရဲဘော်တွေ အားလုံး၊ ပြည်သူတွေအားလုံး လွတ်မြောက်နိုင်ဖို့ အကျိုးအတွက်ပဲ

လှူချင်စိတ်ရှိတော့တယ်။” လို့ရေးသားထားပါတယ်။ မြတ်နိုးအေး ဟာ အမှန် တရားဘက်က ရပ်တည်ခဲ့တဲ့ အတွက် လိပ်ပြာ လုံပြီး ဂုဏ်ယူမဆုံး ဖြစ်နေမိတယ်လို့

သူမရဲ့မွေးနေ့အမှတ်တရအနေနဲ့ ပြောပြထားတာကိုလဲ တွေ့ရပါတယ်။ ဒီကနေ့ကျရောက်တဲ့ မွေးနေ့မှစပြီး ဘေးကင်းကျန်းမာစွာနဲ့ မိသားစုနဲ့အတူ အမြန်ဆုံးပြန်လည်ဆုံစည်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။mdatenews

mdatenews