Ah Boy နဲ့ မြတ်ရတနာကျော်ရဲ့သားငယ်လေး Jaden ရဲ့(၁၁)လပြည့်မွေးနေ့လေးကို ချစ်ခြင်းများစွာနဲ့ ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ စင်ဒီ
Ah Boy နဲ့ မြတ်ရတနာကျော်ရဲ့သားငယ်လေး Jaden ရဲ့(၁၁)လပြည့်မွေးနေ့လေးကို ချစ်ခြင်းများစွာနဲ့ ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ စင်ဒီ
အဆိုတော် Ah Boy ကတော့ အဆိုတော် စင်ဒီနဲ့ လက်ထပ်ပြီး သမီးကြီး ဂျူဂျူးနဲ့ သမီးငယ် ဖောင်းဖောင်းတို့ကို ရရှိခဲ့တာပဲဖြစ်ပါတယ် ။
Ah Boy နဲ့ စင်ဒီဟာ တရားဝင်ကွာရှင်းပြီးနောက်မှာတော့ Ah Boy ဟာ မော်ဒယ်လ် မြတ်ရတနာကျော်နဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် သားသမီးနှစ်ယောက်တို့ကို
မွေးဖွားထားပြီပဲဖြစ်ပါတယ် ။ မြတ်ရတနာကျော်ဟာ Ah Boy ရဲ့ ဒုတိယဇနီးဆိုပေမယ့် Ah Boyအပေါ် နားလည်မှုအပြည့်ပေးသူဖြစ်ပြီး Ah Boy ရဲ့
သမီးကြီးနှစ်ယောက်ကိုလည်း ချစ်ပေးကြင်နာပေးသူလေး တစ်ယောက်ပဲဖြစ်ပါတယ်။ပရိသတ်တွေက မြတ်ရတနာကျော်နဲ့ စင်ဒီတို့ဟာ
တစ်ယောက်နဲ့တစ်ယောက် မတည့်မရှုပဲ မခေါ် မပြောရှိကြမယ်လို့ထင်ကြပေမယ့် အမှန်တကယ်မှာတော့ စင်ဒီကလည်း မြတ်ရတနာကျော်ကို
ညီမလေးတစ်ယောက်လိုချစ်ပြီး မြတ်ရတနာကျော်ကလည်း စင်ဒီကို အစ်မတစ်ယောက်လို ချစ်ရှာတာပဲ ဖြစ်ပါတယ် ။ ဒီကနေ့
သြဂုတ်လ (၁၃) ရက်နေ့ကတော့ Ah Boy နဲ့ မြတ်ရတနာကျော်ရဲ့သားငယ်လေး ဂျေဒန်ဖြိုးထွန်းရဲ့ (၁၁) လပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ် ။
ဂျေဒန်လေးရဲ့မေမေ မြတ်ရတနာကျော်က သားငယ်လေးအတွက် သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မွေးနေ့ဆုတောင်းပေးခဲ့သလို
စင်ဒီကလည်း မြတ်ရတနာကျော်ရဲ့ ပိုစ့်အောက်မှာ “Happy Birthday Jaden လုံးလေး🤍” ဆိုပြီး မွေးနေ့ ဆုတောင်းပေးခဲ့တာပဲဖြစ်ပါတယ် ။
Source Myat Yadanar Kyaw ‘s fb
Credit
Credit
mdatenews
mdatenews