လူတစ်ယောက်သာ တိုင်းပြည်အပေါ် စေတနာထားခဲ့မယ်ဆိုရင် အခုလို နာကျင်စရာတွေ ဖြစ်လာမှာ မဟုတ်ဖူး ဆိုတဲ့ သီဟထွန်း

လူတစ်ယောက်သာ တိုင်းပြည်အပေါ် စေတနာထားခဲ့မယ်ဆိုရင် အခုလို နာကျင်စရာတွေ ဖြစ်လာမှာ မဟုတ်ဖူး ဆိုတဲ့ သီဟထွန်း

ပရိသတ်ကြီးရေ နွေဦးတော်လှန်ရေးကြီးမှာ အနုပညာရှင်တွေကလည်း ပြည်သူတွေနဲ့ အတူ ပူးပေါင်း ရပ်တည်ပြီး အရေးတော်ပုံကြီး

အောင် မြင်ဖို့အတွက် ကြိုးစားနေကြတာပဲဖြစ်ပါတယ် ။ သီဟထွန်း ကတော့ အရေးတော် ပုံကြီးစတင်ခဲ့တဲ့ အချိန်တည်းကစတင်ကာ

ရှေ့ဆုံးကနေတက်တက်ကြွကြွ ပါ၀င်ခဲ့တဲ့သူဖြစ်ပြီး ၅၀၅(က)နဲ့လည်း ၀ရမ်းထုတ်ခံ ထားရတာပဲ ဖြစ်ပါတယ် ။ သီဟထွန်း ဟာ MRTV.4 မှာ

ထုတ်လွှင့်ပြသခဲ့တဲ့ အဆိပ်သွေး ဇာတ်လမ်းတွဲ‌မှာပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှု့ကို ရရှိထားတဲ့မင်းသားတစ်ဦးလည်း

ဖြစ်ပါတယ် ။ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ကျရာဇာတ်ရုပ်ကို ပီပီပင်ပင်သရုပ်ဆောင်နိုင်တဲ့အပြင် တော်လှန်ရေးအတွက် အင်တိုက်

အားတိုက်ပါဝင်ခဲ့တဲ့ သီဟထွန်း ကို ပရိသတ်တွေက ချီးကျူးနေကြပါတယ် ။

သီဟထွန်း ကတော့ လူတစ်ယောက်သာ တိုင်းပြည်ပေါ်ကို

စေတနာထားခဲ့မယ်ဆိုရင် အခုလိုနာကျင်စရာတွေ ဖြစ်လာမှာမဟုတ်ဖူးလို့ ပြောချလိုက်ပါတယ်။ ” ကျုပ်တို့တွေရဲ့ ဘဝတခုချင်း

အိပ်မက်တခုချင်းကို စနစ်တကျ ဖျက်ဆီးဖို့ ခင်ဗျားတို့ရဲ့ ဉာဏ်နီဉာဏ်နက်တွေကို ဖောချင်းသောချင်း သုံးခဲ့ကြသလိုမျိုးသာ ကျုပ်တို့တွေရဲ့

ဘဝတခုချင်း အိမ်မက်တခုချင်းကို ရေလောင်းပေါင်းသင်ပေးတတ် ပျိုးထောင်ပေးတတ်တဲ့ စေတနာမျိုးနဲ့ တိုင်းပြည်ကို ရိုးရိုးလေးဘဲ

တည်ဆောက်ပေးတတ်ခဲ့ဦး သေချာတာကတော့ ကျုပ်တို့ရဲ့ ဒီကနေ့ဟာ ဒီလိုနာကျင်စရာ အခင်းအကျင်းမျိုးဖြစ်လာစရာ အကြောင်းမရှိဘူး….

နာကြည်းတယ်…ခံပြင်းတယ်….ဟုတ်တယ်…. ဇာတ်တူသားစားပြီးမှ ပဒေသရာဇ်ဖြစ်လိမ့်မဟဲ့လို့ကျိန်စာတိုက်ခံထားရတဲ့ဒဏ်ရာဒဏ်ချက်

ဗရပွနဲ့ တိုင်းပြည်မှာ ကျုပ်နေတယ်….. အာဏာရူးရဲ့ ဒီနေ့ညစာဟာလည်းသွားနှင့်လေပြီးသော ဇာတ်တူအမျိုးအနွယ်တွေရဲ့ အသွေးအသားတွေပါဘဲ….

သူယုတ်ဟာ တဘို့တည်းကြည့်နေသေးသရွေ့ တည်ဆောက်ခဲ့သမျှ အရာအားလုံး ပျက်စီးသွားဖို့ သေချာပါတယ်… မသေချာတော့တာကတော့

ကျုပ်တို့အားလုံးရဲ့ မနက်ဖြန်တွေပါဘဲ…”လို့ သီဟထွန်း ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။mdatenews

mdatenews