လွတ်မြောက် နယ်မြေကနေ သားငယ်လေးရဲ့ မွေးနေ့ကို ဆုတောင်းပေးလိုက်တဲ့ ဒါရိုက်တာ ကိုပေါက်
ပရိသတ်ကြီးရေ ကိုပေါက်ကတော့ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ အနုပညာရှင်တစ်ဦး
ဖြစ်ပါတယ်။ ဒါအပြင် နောက်ပိုင်းမှာတော့ ဒါရိုက်တာ တစ်ယောက်အနေနဲ့ပါ အနုပညာအလုပ်တွေကို ပိုမိုလုပ်ကိုင်ပြီး ပရိသတ်ချစ်ခင်မှု့ကို
ပိုမိုရရှိထားခဲ့တဲ့သူပါ။ ဒါရိုက်တာ ကိုပေါက် ဟာ မိသားစုနဲ့ခွဲခွာပြီး ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။
အမှန်တရား ဘက်တော်သားအဖြစ် ခံယူခဲ့ပြီး နွေဦးတော်လှန်ရေးမှာ ပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့တာကြောင့် အကြမ်းဖက်စစ်ကောင်စီကနေ
ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုထားတာပါ ။ လက်ရှိမှာတော့ ကိုပေါက် ဟာ လွတ်မြောက်နယ်မြေကနေတစ်ဆင့် တော်လှန်ရေးအတွက်
ကျရာတာဝန်တွေကို ကြိူးစားထမ်းဆောင်နေတာကို တွေ့ရပါတယ်။ ဒီနေ့မှာတော့ ကိုပေါက်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ
သူ့ရဲ့သားငယ်လေးရဲ့ မွေးနေ့အတွက် မွေးနေ့ဆုတောင်းပေးထားခဲ့ပါတယ်။“မွေးနေ့မှာပျော်ရွှင်ကျန်းမာပါစေ သားသားရေ ။ ဖေဖေတို့အရင်လို
ဘဝတွေပြန်ရဖို့ကြိုးစားရအုံးမယ်သားသားရေ။ အဆင်မပြေတာတွေ ခက်ခဲတာတွေရင်ဆိုင်ရရင် ဖေဖေ့အပြစ်လို့ပဲ ပုံချလိုက်ပါသား ။
အဆင်ပြေတာတွေ ချောမွေ့တာတွေ ကြုံရရင် မေမေ့ကြောင့်ပါသား ။ ဒီအချိန်မှာ ဖေဖေ့ရဲ့တာဝန်ပျက်ကွက်မှုတွေ အလုပ်တွေမလုပ်ရလို့
ပိုက်ဆံမရှာနိုင်တော့ အရင်ကလို မွေးနေ့အကောင်းစားတွေ မလုပ်ပေးနိုင်တာ ဖေဖေစိတ်မကောင်းဘူးသား ။ ဒီအချိန်ဟာ သားအတွက်
ခက်ခဲမယ်ဆိုတာ ဖေဖေသိပါတယ်။ ဒါပေမယ့် ဒီခရီးကိုဖေဖေ ဆက်လျှောက်ရအုံးမယ်။ သားတို့အတွက် အခက်အခဲတွေ ထပ်ကြုံရအုံးမယ်နော်။
သူများတွေလိုကျောင်းအကောင်းစားတွေ မထားနိုင်တော့ပေမယ့် ဖေဖေ့သားတွေကို အသက်နှင့်ရင်းပြီးချစ်တယ်။မေမေ့စကားနားထောင်ပါ ။
ချစ်တယ်သားငယ်လေး ။ သားသားဖြစ်ချင်တဲ့ စူပါဟီးရိုးတွေဖြစ်ပါစေ။” ဆိုပြီး သားငယ်လေးအတွက် မွေးနေ့ဆုတောင်းပေးထားတာကို တွေ့ရပါတယ်။
ပရိသတ်ကြီးလဲ ဒါရိုက်တာ ကိုပေါက်ရဲ့ သားငယ်လေးအတွက် ကောမန့်မှတစ်ဆင့် မွေးနေ့ဆုတောင်းပေးခဲ့ကြပါဦးနော်။ အဆုံးထိ
ဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်၊သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။mdatenews
mdatenews