အနုပညာအလုပ်တွေ မရှိတော့တာကြောင့် Taxi မောင်းရင်းရုန်းကန်နေရတဲ့ ဟာသသရုပ်ဆောင် သိန်းဇံ
အနုပညာအလုပ်တွေ မရှိတော့တာကြောင့် Taxi မောင်းရင်းရုန်းကန်နေရတဲ့ ဟာသသရုပ်ဆောင် သိန်းဇံ
မြန်မာ့ ရုပ်ရှင်လောကမှာ အဓိကဇာတ်ဆောင်တွေ ဖြစ်ကြတဲ့ မင်းသားမင်းသမီး သာမက ဇာတ်ပို့ဇာတ်ရန် ၊ ဟာသသရုပ်ဆောင် တွေကဟာလဲ
ဇာတ်ကားတစ်ကား ဖြစ်မြောက်ဖို့အတွက် ဝိုင်းဝန်းပံ့ပိုးး အင်အားဖြည့်ပေးရပါတယ်။ ဒါမှလဲ ဇာတ်ကားကောင်းတစ်ကားအဖြစ်
ပရိသတ်လက်ခံအားပေးမူ့ကို ရရှိမှာပဲ ဖြစ်ပါတယ်..။ လက်ရှိနိုင်ငံရေးအခြေအနေတွေနဲ့ ကပ်ရောဂါကြောင့် ရုပ်ရှင်ရုံတွေ ပိတ်ထားရတာပါတယ်။
ဒါကြောင့် မြန်မာ့ ရုပ်ရှင်လောကတစ်ခုလုံးက အနုပညာသမားတွေ အားလုံးခက်ခဲနေကြတဲ့ အချိန်ပဲ ဖြစ်ပါတယ် ။ ဒီလိုခက်ခဲနေတဲ့ အထဲမှာတော့
လူရွှင်တော်၊ဟာသသရုပ်ဆောင် သိန်းဇံလဲ အပါအဝင်ပဲ ဖြစ်ပါတယ် ။ ဟာသသရုပ်ဆောင် သိန်းဇံ ဟာ အနုပညာလုပ်ငန်းတွေမရှိတော့တာကြောင့်
ထိုင်စားရင်း ကားလေးကို ရင်းနှီးပြီး သမီးဖြစ်သူနဲ့အတူ ရပ်ကွက်ထဲမှာ စျေးလိုက်ရောင်းကြည့်ခဲ့သေးပေမယ့် ရောင်းမကောင်းတဲ့အပြင်
မကိုက်တာကြောင့် ကားလေးပြန်ဝယ်ပြီး taxi ပြန်မောင်းနေတယ်လို့ သိရပါတယ် ။ သရုပ်ဆောင် သိန်းဇံ ကတော့ taxi မောင်းနေတာ ၇ လလောက်ရှိနေပြီလို့ သိရပါတယ်။
“အနုပညာအလုပ်တွေ မရှိတော့ ထိုင်စားရင်း၊ ကားပါ ရောင်းလိုက်ရတယ်။ သမီး နဲ့အတူ ရပ်ကွက်ထဲ စျေးလိုက်ရောင်းကြည့်ပေမယ့် မကိုက်တဲ့ အတွက်
နောက်ဆုံး ကားလေး ပြန်ဝယ်ပြီး Taxi ဆွဲစားရတာပါ။ ကားမောင်းတာ (၇) လ လောက်တော့ ရှိပါပြီ သမ္မာအာဇီဝ ကျကျ ရှာဖွေ စားသောက်နေတာ
ဖြစ်လို့ မရှက်ပါဘူး” အင်တာဗျူးတစ်ခုမှာ ပြောကြားသွားခဲ့ ပါတယ်နော် ။ ပရိသတ်ကြီးရေ ဒီကာလကြီးမှာ အနုပညာသမားတွေ အတွက်
ခက်ခဲလွန်းတဲ့ကာလကြီးပဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ဝမ်းရေးအတွက် ကျရာအလုပ်ကို လုပ်ကိုင်ပြီး ဖြေရှင်းနေရတာလဲ ဖြစ်ပါတယ် ။
မြန်မာ ပြည်သူ ပြည်သား အားလုံး ကျန်းမာချမ်းသာပြီး ဘေးကင်းကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော် ။
Source: Myanmar Celebrity
Zawgyi
ထိုင်စားရင်း ကားလေးကို ရင်းနှီးပြီး သမီးဖြစ်သူနဲ့အတူ ရပ်ကွက်ထဲမှာ ဈေးလိုက်ရောင်းကြည့်ခဲ့သေးပေမယ့် ရောင်းမကောင်းတဲ့အပြင်
Source: Myanmar Celebritymdatenews
mdatenews