နိုင်ငံ အကြီးအကဲတွေ မှန်မှန်ကန်ကန် လုပ်ဆောင်ရမယ့် နည်း‌လမ်းတွေကို ပြောပြလိုက်တဲ့ ကိုပေါက်

နိုင်ငံ အကြီးအကဲတွေ မှန်မှန်ကန်ကန် လုပ်ဆောင်ရမယ့် နည်း‌လမ်းတွေကို ပြောပြလိုက်တဲ့ ကိုပေါက်

နာမည်ကြီ းအနုပညာရှင်အချို့ကတော့ ပြည်သူတွေဘက်ကနေ ရပ်တည်ပြီး အာဏာရှင်ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးဆင်နွှဲခဲ့လို့

ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။ ဒါရိုက်တာ ကိုပေါက် တစ်ယောက်ကလည်း ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ခဲ့တဲ့

အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရသူ ဖြစ်ပါတယ် ..။ လွတ်မြောက်နယ်မြေ တစ်နေရာကို ရောက်ရှိနေတဲ့

ကိုပေါက် ကတော့ ရောက်ရာနေရာကနေ တော်လှန်ရေး တိုက်ပွဲဆင်နွှဲနေသူ ဖြစ်ပါတယ် ။ ကိုပေါက် ကတော့ နိုင်ငံအကြီးအကဲလုပ်မယ့်လူတွေအတွက်

မှန်မှန်ကန်ကန် လုပ်ဆောင်ရမယ့် နည်း‌လမ်းတွေကို ပြောပြလိုက်ပါတယ် ။ ” အရှင်လတ်လတ်အရေခွံအဆုတ်ခံရသူ ဘီစီ ၅၀၀ လောက်တုန်းက

ပါရှား (ယခု အီရန်)နိုင်ငံမှာ ဒုတိယမြောက် ကမ်ဘိုက်စီးစ် (Cambyses II) အုပ်စိုးစဉ်မှာ တိုင်းပြည်ရဲ့အဆင့်အမြင့်ဆုံးတရားသူကြီးဖြစ်တဲ့

တော်ဝင်တရားသူကြီး (royal judge) ဆက်ဆမ်းနက်စ် (Sisamnes)ဟာ လာဘ်စားပြီး အမှုတွေကို တရားမဲ့ စီရင်ဆုံးဖြတ်နေတာကို ဘုရင်က

သိသွားတော့ အမိန့်မချသေးဘဲ သူ့နေရာကို ဘယ်သူ ဆက်ခံသင့်တယ်ထင်လဲလို့ လာဘ်စားတဲ့ တော်ဝင်တရားသူကြီး (ဆက်ဆမ်းနက်စ်)ကို မေးတယ်။

လောဘကြီးတဲ့ ဆက်ဆမ်းနက်စ်က သူ့သားကို ပေးသင့်တယ်လို့ ဖြေတယ်။ ဘုရင်က သဘောတူပြီး ဆက်ဆမ်းနက်စ်ရဲ့သား အော့တိန်းစ် (Otanes)ကို

တော်ဝင်တရားသူကြီး ခန့်တယ်။ ပြီးတော့ လာဘ်စားပြီး တရားမဲ့တရားစီရင်ရင် ဘယ်လို ခံရမယ်ဆိုတာကို သတိပေးဖို့အတွက်

တော်ဝင်တရားသူကြီး အသစ်ထိုင်မယ့် ခုံကို အရှင်လက်လက် အရေခွံဆုတ်ထားတဲ့ လာဘ်စားတဲ့တရားသူကြီးရဲ့ အရေပြားနဲ့ ဖုံးအုပ်ရမယ်လို့

အမိန့်ချတယ်။ ဒီလိုနဲ့ လာဘ်စားပြီး မတရား တရားစီရင်ခဲ့တဲ့ တော်ဝင်တရားသူကြီး ဆက်ဆမ်းနက်စ်ကို အရှင်လက်လက် အရေခွံဆုတ်ပြီး

ကွပ်မြတ်လိုက်တယ် ။ တရားသူကြီး အသစ်ဖြစ်လာခဲ့တဲ့ သူ့သားဟာလည်း တရားစီရင်ဆုံးဖြတ်တိုင်း သူဟာ သူ့အဖေရဲ့ အရေပြားနဲ့

အုပ်ထားတဲ့ ခုံမှာ ထိုင်နေပါလားဆိုတာကို အမြဲ သတိရနေစေခဲ့တယ်။ အဲဒီ့အဖြစ်အပျက်ကို နယ်သာလန်ပန်းချီဆရာ ဂျရက် ဒေးဗစ်

(Gerard David)က ၁၄၉၈ ခုနှစ်မှာ “ဆက်ဆမ်းနက်စ်ကို ဖမ်းဆီးခြင်း” (The Arrest of Sisamnes)နဲ့ “ဆက်ဆမ်းနက်စ်ကို အရေခွံခွာခြင်း”

(The Flaying of Sisamnes)ဆိုတဲ့ ပန်းချီကား နှစ်ကား ဆွဲခဲ့တယ်။ ၁၅ ရာစုတုန်းက ဥရောပမှာ ဒီပန်းချီကား နှစ်ချပ်ကို တရားမျှတမှု

ခန်းမတွေ (chambers of justice)မှာ ချိတ်ဆွဲခဲ့ကြတယ်တဲ့။ဆရာမျ်ိုးနိုင်ဆီက ရတဲ့ မှတ်သားစရာတစ်ခုပါ ။ ဒါဟာ မှတ်သားစရာဆိုတာထက်

နိုင်ငံအကြီးအကဲ တွေ ၊ အနာဂတ်ကိုဦးဆောင်မယ့်သူတွေ အတွက်အရေးကြီးတဲ့ နိမိတ်ပုံတွေ ဖြစ်ပါတယ် ။ ကိုယ့်အုပ်စု အာဏာမြဲရေး အတွက်

ဦးမတည်သူတွေ ကိုယ့်ပါတီ ရှင်သန်ရေး အတွက် အတ္တမကြီးသူတွေက ပါရှားဘုရင်လို ကျင့်ကြံနိုင်ပြီး လက်တွဲညီညီ ပန်းတိုင်ဆီ အရောက်သွားနိုင်ဖို့

ဆုတောင်းပါတယ်” ကိုပေါက် ဟာ သူ့ရဲ့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ် ။mdatenews

mdatenews