မိဘတွေကို လွမ်းနေကြောင်းနဲ့ အိမ်ဆိုတဲ့နေရာတစ်ခုကို သတိရနေကြောင်း ဆွေးမြေ့ကြေကွဲစွာနဲ့ ဖွင့်ဟလာတဲ့ မင်းမော်ကွန်း
မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ မင်းမော်ကွန်း ကတော့
ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့တဲ့ မင်းသားချောတစ်လက် ဖြစ်ပါတယ်။
ပရိသတ်တွေရဲ့ အချစ်များစွာကို သိမ်းပိုက်ရရှိထားသူတစ်ဦးဖြစ်ပြီး
သားသားမီးမီးတွေနဲ့ ပျော်စရာကောင်းတဲ့ မိသားစုကိုလဲ ပိုင်ဆိုင်ထားသူတစ်ဦးပါ။
မင်းမော်ကွန်း ဟာ အသက်ကြီးလာလေ သူ့ရဲ့ရုပ်ရှင်ဟာ တစ်နေ့တစ်ခြား နုပျိုလာတာကြောင့်လဲ ပရိသတ်တွေအားလုံးက ကိုကြာနုလို့လဲ ချစ်စနိုးခေါ်တတ်ကြပါသေးတယ် ။
ဒါအပြင် အမှန်တရားကိုလဲ ချစ်မြတ်နိုးသူဖြစ်တာကြောင့် ပြည်သူတွေနဲ့တစ်သားထဲ ပြတ်သားစွာ ရပ်တည်ခဲ့ပြီး သွေးမအေးသွားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ် ။
စစ်ကောင်စီဘက်ကနေ ပုဒ်မ ၅၀၅ နဲ့တရားစွဲဆိုခံထားရပြီး တိမ်းရှောင်နေရပေမယ်လဲ တော်လှန်ရေးအတွက် ယနေ့အချိန်ထိတိုင် ကြိုးစားတော်လှန်နေဆဲပါပဲ ။
မင်းသား မင်းမော်ကွန်း ကတော့ မိဘတွေနဲ့ ရဲဘော်တွေကို လွမ်းနေကြောင်းကို အခုလိုပဲ လွမ်းဆွေးဖွယ် ရေးသားထားပါတယ်။ ” ဒီညမိုးတွေရွာတယ်
ခါတိုင်းထက်ပိုအေးတယ် အဖေရယ်အမေရယ် ချစ်သောရဲဘော်ရဲဘက်တွေရယ် သိပ် သတိရတယ်ဗျာ” လို့ မင်းမော်ကွန်း ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ
ရေးသားထားတာပါ ။ မင်းမော်ကွန်း ရဲ့ ပိုစ်အောက်မှာတော့ ဟားငါးကောင် လူရွှင်တော် တွေရဲ့ အားပေးထားတဲ့ ကောမန့်တွေနဲ့ ချစ်ပရိသတ်တွေရဲ့
စိတ်ပူပေးထားတဲ့ ကောမန့်တွေကို တွေ့ရပါတယ် ။ ပရိသတ်ကြီးရေ အန္တရယ်တွေကြားထဲကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့
မင်းသား မင်းမော်ကွန်း အတွက်အားပေးစကားလေးတွေ ကောမန့်မှရေးသားသွားပေးခဲ့ပါအုန်းနော် ။
Zawgyi
mdatenews