အသက်(၁၁)နှစ် ပြည့်သွားပြီ ဖြစ်တဲ့ သားကြီးရဲ့မွေးနေ့လေးကို ထူးထူးခြားခြားလေးဆုတောင်းပေးလိုက်တဲ့ မင်းသားကြီးနေထူးနိုင်
ပရိတ်သတ်ကြီးရေ….သရုပ်ဆောင် မင်းသားချော နေထူးနိုင်ကတော့ ဇာတ်ရုပ်မျိုးစုံကို သဘာဝကျကျဖန်တီးနိုင်စွမ်းရှိသူ ပဲ ဖြစ်ပါတယ် ။ နေထူးနိုင်ဟာဆိုရင်
ပရိသတ်တွေအပေါ်မှာ သူ့ရဲ့ပြောင်မြောက်လှတဲ့အနုပညာအရည်အချင်းတွေနဲ့ ယနေ့တိုင် လွှမ်းမိုးထားနိုင်တာလည်း ဖြစ်ပါတယ် ။ နေထူးနိုင်က ဗီဒီယိုဇာတ်ကားတွေ
အမြောက်အမြားရိုက်ကူးခဲ့သလို အခုချိန်အထိလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာကို တွေ့ရပါတယ် ။ နေထူးနိုင်က အနုပညာလှုပ်ရှားမှု
အားလပ်ချိန်တွေမှာ မိသားစုကို အချိန်ပေးလေ့ရှိတာဖြစ်ပြီး ဇနီးသည်ချောချောလေးနဲ့အတူသားငယ်လေး နှစ်ယောက်ကိုလည်း မွေးဖွားပိုင်ဆိုင်ထားပါသေးတယ်။
မိသားစု စုံစုံလင်လင်နဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို လူမှုကွန်ယက်ထက်မှာ နေထူးနိုင်က မကြာခဏဆိုသလို မျှဝေပေးလေ့ရှိနေတာကြောင့်ပရိသတ်တွေကလည်း
တစ်ခဲနက်အားပေးကြပါတယ်နော်။ သူကတော့ယခုအချိန်ကာလမှာဆိုရင်အနုပညာအလုပ်များကိုရပ်နားထားပြီးသာယာတဲ့မိသားစုလေးဘဝကို
အေးအေးချမ်းချမ်းဖြတ်သန်းနေပါတယ်နော်။သားအကြီးကောင်လေးကိုယခုလိုပဲမွေးနေ့ဆုတောင်းပေးလာပါတယ်ပရိတ်သတ်ကြီးရေ၊ဒီနေ့11ပြည့်မွေးနေ့မှ
စသားကြီး လိုရာဆန္ဒပြည့်ပြီး အသက်ရှည်အနာရောဂါကင်း၍ အများကောင်းကျိုးလဲပြုလုပ်ပေးနိုင်သူဖြစ်ပါစေ။ဖတ်ရှု့ပေးတဲ့အတွက်ကျေးဇူးပါ ။
Credit
Zawgyi
Credit
mdatenews
mdatenews