ပြည်သူအားလုံးရဲ့ ဒုက္ခဟာ ကိုယ့်ဒုက္ခလိုပဲ ခံယူထားတယ်လို့ ထုပ်ပြောလာတဲ့ မင်းသမီး ချစ်သုဝေ
သရုပ်ဆောင် ၊ အဆိုတော်၊ ဆရာဝန် တစ်ဦးဖြစ်ပြီး ပရိသတ်အချစ်တွေကို တစ်ခဲနက်ရရှိထားသူလေး ချစ်သုဝေ ဟာ အဆိုတော်လင်းလင်း နဲ့ အိမ်ထောင်ကျပြီး
အမြွှာသမီးလေးနှစ်ယောက်ဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ် ကို မွေးဖွားထားသူတစ်ယောက် ဖြစ်ပါတယ် ။ စိတ်ပျိုလို့ ကိုယ်နုတဲ့ ချစ်သုဝေက
အသက် (၃၇) နှစ်ရောက်သည့်တိုင် လူငယ်လေးလို လန်းဆန်းလှပနေဆဲပါ ။ ချစ်သုဝေ ကတော့ အမှန်တရားကိုချစ်မြတ်နိုးပြီး ပြည်သူတွေဘက်က
ပြတ်ပြတ်သားသားရပ်တည်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးထဲမှာ အပါအဝင်ဖြစ်ပါတယ် ။ ပုဒ်မ ၅၀၅ က နဲ့တရားဆွဲဆိုခံရထားပေမယ့် တိမ်းရှောင်ရင်း
အမှန်တရားအတွက် ဆက်လက်လုပ်ကိုင်နေဆဲပါပဲနော်။ ချစ်သုဝေ ဟာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို နည်းမျိုးစုံနဲ့အကူအညီပေးနိုင်အောင် ဆောင်ရွက်ပေးနေတာပဲ ဖြစ်ပါတယ် ။
ဒီကနေ့မှာလဲ “Hope series2″ လက်မှတ်အရောင်းလေး 9ရက်နေ့ ည 9နာရီမှာပိတ်မှာမို့ ပါဝင်ပေးနိုင်သူတွေပါဝင်ပေးပါ.. ဒီဝန်ဟာ မလေးလံ လောက်ရင် ပါ တလရခရီးရှည်မှာ
ပမ်းလာကြတာကြောင့် လက်မှတ်ရောင်းအား ရှေ့တခေါက်ထပ်ကျလာတာကို စိတ်ထဲမယ် ပြည်သူတွေပမ်းနေကြလို့တကယ် စိတ်ပူစိတ်မကောင်းဘူး..
ဒီတလရ အမြန်ပြီးဆုံးစေချင်ပြီ ဒီပြည်သူအားလုံးရဲ့ဒုက္ခဟာကိုယ့်ဒုက္ခလေမို့..ဒါပေမယ့် အားတင်းမယ် ရှေ့ဆက်မယ် ပြုံးထားကြတယ် ရင်ဆိုင်မယ်
ကျော်လွှားမယ် ” လို့ ချစ်သုဝေ ဟာ သူ့ရဲလူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ် ။ ပရိသတ်ကြီးရေ မင်းသမီး ချစ်သုဝေ ရဲ့
ပြည်သူအားလုံးရဲ့ဒုက္ခဟာ ကိုယ့်ဒုက္ခလိုပဲ ခံယူထားပါတယ်တဲ့ ။ ဒါကြောင့် လေးစားဖို့ကောင်းတဲ့ မင်းသမီး ချစ်သုဝေ ရဲ့ စိတ်ဓာတ်လေးကို ချီးကျူးစကား အချို့ ကောမန့်မှ ရေးသားသွားပေးခဲ့ပါအုန်းနော် ။
Zawgyi
mdatenews
mdatenews