ကျောက်ကပ်ရောဂါ ခံစားနေရတဲ့ လွတ်မြောက် နယ်မြေ‌ရောက်ရှိနေတဲ့ လူရွှင်တော်ကြီး စိန်သီး

ကျောက်ကပ်ရောဂါ ခံစားနေရတဲ့ လွတ်မြောက် နယ်မြေ‌ရောက်ရှိနေတဲ့ လူရွှင်တော်ကြီး စိန်သီး

ပရိသတ်ကြီးရေ တစ်ချိန်တုန်းက နာမည်ကြီးခဲ့တဲ့ သီးလေးသီး လူရွှင်တော်အဖွဲ့ကိုတော့ အားလုံးပဲ မှတ်မိကြအုန်းမယ် ထင်ပါတယ်။နိုင်ငံရေးကိုပဲ

အဓိကထား ဖျော်ဖြေခဲ့တဲ့ သီးလေးသီးအဖွဲ့ကတော့ နာမည်အရမ်းကြီးခဲ့ပြီး သူတို့ရဲ့ပြက်လုံးတွေဟာလဲ ပြောစမှတ်တွက်ခဲ့ပါတယ်။ သီးလေးသီးအဖွဲ့ကိုတော့

စိန်သီး၊ပန်းသီး၊ဇီးသီး၊ကြယ်သီး အစရှိတဲ့ လူရွှင်တော် အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ သီးလေးသီးအဖွဲ့ဝင်ထဲက လူရွှင်တော် စိန်သီး ဟာ

လက်ရှိမှာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ဒီလိုအာဏာရှင်ကို တိုက်ထုတ်ဖို့ကြိုးစားနေတဲ့

လူရွှင်တော် စိန်သီး ဟာ ကိုဗစ်မတိုင်ခင်ကတည်းက ကျောက်ကပ်ရောဂါကို ခံစားနေရတာဖြစ်ပါတယ်။” ကျွန်တော့်ရင်ထဲမှာ ပြည်သူအမြဲတန်ရှိနေပါတယ်

ဒီတော်လှန်ရေးကြီးမှာလဲပြည်သူများနှင့်အတူပါဝင်ခွင့် ရတဲ အတွက်လဲ ကျွန်တော်ကိုကျွန်တော်ကျေနပ်နေမိပါတယ် ကျွန်တော်ကို ကျန်းမာရေးကအစ

အကုန်လုံးအစစ အရာရာ စိုးရိန်ပူပန်ပေးနေကြသော ချစ်မိတ်ဆွေ သူငယ်ချင်း ပရိတ်သတ်ပြည်သူများကိုအထူးဘဲကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ် ခင်ဗျ

….. ကျွန်တော်ဟာ ကိုဗစ်ကာလ မတိုင်ခင်ကတည်းက ကျောက်ကပ်ဝေဒနာကိုခံစားနေရတဲ့လူတယောက်ပါ ခင်ဗျကိုဗစ် ပေါ်လာတော့ ကိုဗစ်နဲ့ပါမိတ်ဆွေတွေ

ဖြစ်လိုက်ရပါသေးတယ် အဲ့နောက်ပိုင်းလိမ်ဖယ်ဖယ်နဲ့ ဒီနေ့ထိဖြစ်လာလိုက်တာ အခုဆိုရင်အတော်သက်သာတဲ့အနေအထားကိုရောက်ပါပြီ ချစ်မိတ်ဆွေ

သူငယ်ချင်း ပရိတ်သတ် ပြည်သူများရဲ့မေတ္တာ ကျေးဇူးတွေကြောင့်နေကောင်းကျန်းမာ ပြည်သူတွေနဲ့ တသားထဲ ရှိနေပါတယ် အဲ့တာကြောင့်မို့လို့လဲအခုဆိုရင်

ကျွန်တော်ဟာ ကျွန်တော့်မိသားစုလေးနဲ့အတူအေးချမ်းစွာနေထိုင်ခွင့်ရနေပါပြီ ပြည်သူချစ်တဲ့အနုပညာသမား တယောက်အနေနဲ့ ပြည်သူကိုသစ္စာ ဖောက်

အသားထဲကလောက် အနုပညာအမည်ခံသူတွေကိုတော်လှန်နေပါတယ် …..ကျွန်တော့်မိသားစုလေးနဲ့အေးချမ်းစွာနေထိုင်ခွင်ရအောင်ကူညီ ပေးကြတဲ့

အပေါင်းအသင်း မိတ်ဆွေ သူငယ်ချင်း ပရိတ်သတ် ပြည်သူများကို ကျေးဇူးအထူးတင်ပါကြောင်း ဒီနေရာကနေ ပြောပါရစေ ခင်ဗျာ ………. .

ပြည်သူတွေနဲ့တသားထဲရှိနေတဲ့ စိန်သီး ………..အရေးတော်ပုံအောင်ရမည် “လို့ရေးသားထားတာကို တွေ့ရပါတယ်။

လူရွှင်တာ် စိန်သီး ဟာ ကျန်းမာရေးကို

စိုးရိမ်စိတ်ပူလို့ မေးမြန်းကြတဲ့ ချစ်ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ကြောင်းကိုလဲ ပြောပြထားတာပဲ ဖြစ်ပါတယ်။

Crd

mdatenews

mdatenews