ဒီကနေ့မှာကျရောက်တဲ့ သမီးလေးရဲ့မွေးနေ့မှာ တန်ဖိုးရှိတဲ့စကားလုံးတွေနဲ့ သူများနဲ့ မတူအောင် ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ ဒေါက်တာမြဝတ်ရည်

ဒီကနေ့မှာကျရောက်တဲ့ သမီးလေးရဲ့မွေးနေ့မှာ တန်ဖိုးရှိတဲ့စကားလုံးတွေနဲ့ သူများနဲ့ မတူအောင် ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ ဒေါက်တာမြဝတ်ရည်

ဒေါက်တာမြဝတ်ရည်ကတော့ အရာရာကို ထက်မြတ်စွာဆုံးဖြတ်နိုင်ပြီး စကားပြောဆိုရာမှာ ကျွမ်းကျင်တာကြောင့် အမျိုးသမီးတော်တော်များများရဲ့

အားကျခြင်းကိုခံရတဲ့အမျိုးသမီးတစ်ယောက်လည်း ဖြစ်ပါတယ် ။

သူမကတော့ ခွဲစိတ်ဆရာဝန် တစ်ယောက်ဖြစ်ပြီး သာယာပျော်ရွင်တဲ့ မိသားစုဘဝကို

ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

သူမကတော့ ဝေဖန်မှုတွေရှိပေမဲ့လည်း ဂရုမစိုက်တတ်သူပီပီ ရှေ့ဆက်လျှောက်ရမဲ့ယုံကြည်ချက်ပန်းတိုင်ကိုပဲ

လျှောက်လှမ်းနေသူဖြစ်ပါတယ်..

တိမ်းရှောင်နေစဉ် ကာလ အတွင်းမှာပဲ သမီးလေးကိုမွေးဖွားခဲ့တဲ့ ဒေါက်တာမြဝတ်ရည်ဟာ ဒီကနေ့ကျရောက်တဲ့သမီးလေးရဲ့

တစ်နှစ်ပြည့်မွေးနေ့အတွက် အခုလိုပဲမွေးနေ့ဆုတောင်းပေးခဲ့တာကို အခုလိုပဲတွေ့ရပါတယ်။

ဒေါက်တာမြဝတ်ရည်က “Happy 1st birthday ပါ

မေမေ့သမီး Mia လေးရေ ❤️❤️❤️ (ကလေးကိုတော့ ပျော်စေချင်တယ်) မွေးကတည်းက အခက်အခဲတွေနဲ့ မွေးခဲ့ရပေမယ့် ခုချိန်ထိ မေမေတို့နဲ့ တူတူ

ကြုံလာသမျှ လောကဓံကို ကြံ့ကြံ့ခံပြီး ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ရှိနေပေးလို့ အရမ်းချစ်ရ ကျေးဇူးတင်ရပါတယ်။ တစ်နှစ်ပြည့်မွေးနေ့ကစလို့

လိုအင်ဆန္ဒတွေ ပြည့်ဝပါစေ။

ထူးချွန်ထက်မြက်တဲ့ အမှန်အမှား ခွဲခြားတတ်ပြီး အမှန်တရားကို မြတ်နိုးတဲ့ အမှန်တရားအတွက် ရပ်တည်ရဲတဲ့ မတရားမှုတွေကို

လက်ရှောင်မနေတတ်တဲ့ ကိုယ့်အားကိုယ် ကိုးတတ်တဲ့ အများအကျိုး သယ်ပိုးနိုင်တဲ့ လူပီသတဲ့ လူသားဆန်တဲ့ ကိုယ်ချင်းစာတရား မေတ္တာတရားကြီးမားတဲ့

လောကကြီးကို အကျိုးပြုနိုင်တဲ့ လူသားတစ်ယောက်အဖြစ် ဂုဏ်ရှိစွာ ရှင်သန်နေထိုင်နိုင်ပါစေ သက်ရှည် ကျန်းမာပါစေ လို့ ချစ်ရတဲ့ မေမေက

မွေးနေ့ ဆုတောင်းပေးလိုက်ပါတယ် သမီးလေးရေ” “သမီးလေး Mia နာမည်ကိုလည်း ‘စောအမရာဉာဏ်’ လို့ အမည်ပေး ခေါ်ထွင်လိုက်ပါပြီ။

သမီးလေး တစ်နှစ်ပြည့်အတွက် ရည်ရွယ်လှူဒါန်းထားတဲ့ အစုစုတွေလည်း အကျိုးလက်ငင်း ဖြစ်ထွန်းပေါက်မြောက်ကြပါစေ ??? ❤️❤️❤️Ps –

အိပ်ခါနီး နက်ဖြန် သူ့မွေးနေ့ဆိုတာ သိလို့လား မသိဘူး တော်တော်နဲ့ မအိပ်ဘဲ လက်ခုပ်တွေတီးနေတယ် သဘောက Happy birthday song ဆိုပေးပါပေါ့ ?

။ ခုတော့ အတော် အိပ်မောကျနေရှာပြီ ။ သဲတုံးလေးက မေမေ့သဲလေးက ဘယ်မှာလဲမေးရင် သူ့ရင်ဘတ်ကို ပုတ်ပြ တတ်နေပြီ ❤️”ဆိုပြီး ပြောပြလာပါတယ်။

Source: Dr. Mya Wut Yee’s fb

Credit

mdatenews

mdatenews