မြန်မာနိုင်ရဲ့တိုင်းတစ်တိုင်းစာ တန်ကြေးရှိတဲ့ အမေရိကန်ဒေါ်လာ ၁၆.၇ သန်းတန် အိမ်ကြီးကို ဝယ်ယူနိုင်တဲ့အထိ ချမ်းသာသွားတဲ့ စမိုင်းလ်တို့မိသားစု
တစ်ခေတ် တခါထဲက အောင်မြင်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင်နှင့် မော်ဒယ် တစ်ယောက်ဖြစ်တဲ့ စမိုင်းလ်က ပေါ်ရှာနဲ့ ကလိုဝီ ဆိုတဲ့ သမီးနှစ်ယောက်ကို
မွေးဖွားထားတဲ့ မေမေတစ်ယောက်ပဲဖြစ်ပါတယ် ။ ဒါပေမယ့် စမိုင်းလ် ကတော့ အသက်ကြီးလာတာနဲ့အမျှ ရင့်ကျက်မှုတွေတိုးပြီး ပိုလှလာသူတစ်ယောက် ဖြစ်ပါတယ်။
စမိုင်းလ် ကတော့ အရမ်းချစ်တတ်တဲ့ အမျိုးသားကို ပိုင်ဆိုင်ထားပြီးချစ်ရတဲ့ သမီးလေးနှစ်ယောက်နဲ့ အတူစီးပွားရေးလုပ်ငန်းတွေအပြင် အနုပညာလုပ်ငန်းတွေကိုပါ
မလစ်ဟင်းရအောင် ကြိုးစားလုပ်ဆောင်နေတဲ့ မော်ဒယ်မင်းသမီးတစ်ဦးပါ။ သူမကတော့ တစ်ခါက ရုပ်ရှင်မင်းသမီးကြီး ဒေါ် ခင်လေးဆွေ ရဲ့ မြေးတော်စပ်သူလဲ
ဖြစ်ပါတယ် …။ ယခင် အချိန်တွေက ပင်ပင်ပန်းပန်းနဲ့ ကြိုးစားရုန်းကန်ခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ စမိုင်းလ် ဟာ လူအများလေးစားအားကျရတဲ့
ချမ်းသာကြွယ်ဝမှု့တွေကို ပိုင်ဆိုင်နေပြီပဲ ဖြစ်ပါတယ်။ စမိုင်းလ် တို့ဇနီးမောင်နှံ ဟာ Youtuber တစ်ယောက်ရဲ့ အိမ်ကြီးကို အမေရိကန်ဒေါ်လာ ၁၆.၇ သန်းပေးပြီး
ဝယ်ယူခဲ့ပါတယ် ။ အမေရိကန်ဒေါ်လာ ၁၆.၇ သန်းဟာ မြန်မာငွေနဲ့တွက်ကြည့်မယ်ဆိုရင် မြန်မာငွေကျပ် သိန်းပေါင်း ၃၅ သိန်းနီးပါးရှိပါတယ် ။
နာမည်ကြီး Youtuber တစ်ဦးဖြစ်တဲ့ Jeffree Star ရဲ့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားက ကမ္ဘာကျော်စံ အိမ်ကြီးကို မြန်မာနိုင်ငံက သရုပ်ဆောင်
အဆိုတော်စမိုင်းလ်နဲ့ ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်တို့ ဝယ်ယူခဲ့တဲ့ သတင်းကတော့ လူမှုကွန်ယက်မှာ စိတ်ဝင်စားမှု အများဆုံးဖြစ်လို့နေတာကို
တွေ့ရပါတယ် ။ မြန်မာပြည်ကြီး ဟာ ဒုက္ခတွင်းထဲ ရောက်ရှိနေပေမယ့် စမိုင်းလ် တို့ဇနီးမောင်နှံ ရဲ့ ကြွယ်ဝချမ်းသာမှု့ကတော့ အံ့မခန်း ပါပဲနော် ။
Zawgyi
mdatenews
mdatenews