စေတနာကောင်းရင် ကံကောင်းတယ်ဆိုတဲ့စကားအတိုင်း အမိုက်စားဆိုင်ကယ်တစ်စီးကံစမ်းမဲပေါက်ခဲ့ကြောင်း ဝမ်းသာအားရပြောပြလာတဲ့ လူရွှင်တော်လန်ဒန်
ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ လူရွှင်တော် လန်ဒန် ကတော့ အနုပညာလောကမှာ နေရာတစ်ခုကို ရယူထားနိုင်ခဲ့တဲ့ စွယ်စုံရအနုပညာရှင်
တစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေကိုအချိန်အတော်ကြာလုပ်ကိုင်လျက်ရှိနေခဲ့တဲ့ သူကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို
အခိုင်အမာရယူထားနိုင်ခဲ့တာပါ။ ဒီကနေ့မှာတော့ လန်ဒန်က စေတနာကောင်းရင် ကံကောင်းတယ်ဆိုတဲ့စကားနဲ့အညီ သူကံကောင်းခဲ့တဲ့အကြောင်းလေးကို
အခုလိုပဲမျှဝေလာပါတယ်။ လူရွှင်တော်လန်ဒန်က ငွေကျပ် တစ်သောင်းနှစ်ထောင့်ငါးရာကျပ်နဲ့ ဝယ်ယူခဲ့တဲ့ ကံစမ်းမဲလက်မှတ်တစ်စောင်ကြောင့်
YAMAHA MT-15 ဆိုင်ကယ်တစ်စီးလက်ဆောင်ရရှိခဲ့ကြောင်းကို “စေတနာကောင်းရင်ကံကောင်းတယ်တဲ့ စေတနာကောင်းလို့ထင်ပါရဲ့????
သားကြီးထိုးထားတဲ့ဆိုင်ကယ်မဲပေါက်လို့အိမ်ကိုရောက်လာခဲ့ပါပြီ အားလုံးထပ်တူထပ်မျှဝမ်းသာနိုင်ကြပါစေခင်ဗျာ့” ဆိုပြီး အပျော်တွေမျှဝေလာပါတယ် ။
လူရွှင်တော်လန်ဒန်ကတော့ သားဖြစ်သူကြောင့် ငွေလေးတစ်သောင်းကျော်ရင်းနှီးပြီး အမိုက်စားဆိုင်ကယ်တစ်စီးရရှိခဲ့တာဖြစ်ပါတယ်။ ကံကောင်းလွန်းတဲ့ ကိုလန်ဒန်ကြီးရဲ့အဖြစ်ကတော့ တကယ်ကိုအားကျစရာကြီးပါပဲနော်…။
Source: လန်ဒန် လူရွှင်တော် ဟာသသရုပ်ဆောင်’s fb
Credit
Zawgyi
စေတနာကောင်းရင် ကံကောင်းတယ္ဆိုတဲ့စကားအတိုင်း အမိုက္စားဆိုင္ကယ္တစ္စီးကံစမ်းမဲပေါက္ခဲ့ကြောင်း ဝမ်းသာအားရျေပျာပလာတဲ့ လူရွှင်တ္လောန္ဒန်
Creditmdatenews
mdatenews